Thursday
အဋ္ဌာန မေတံ / အဋ်ဌာန မတေံ
အနက် - 
(
-----------------------
အဋ္ဌာန မေတံ ဘိက္ခဝေ အနဝကာသော၊ 
ယံ ပရူ ပက္ကမေန တထာဂတံ ဇီဝိတာ ဝေါရောပေယျ၊အနုပက္ကမေန ဘိက္ခဝေ တထာဂတာ ပရိနိဗ္ဗာယန္တိ။ ဧတေန သစ္စ၀ဇ္ဇေန သောတ္ထိ မေ ဟောတု သဗ္ဗဒါ။
အနက် - 
သူတစ်ပါး၏ လုံ့လပယောဂဖြင့် ဘုရားရှင်တို့အား ဇီဝိတိန္ဒြေမှ ချခြင်း မည်သည် မဖြစ်နိုင်။ လုပ်ကြံသတ်ဖြတ်၍ ရခြင်းဟူသည် မဖြစ်နိုင်။ ဘုရားရှင်တို့သည် သက်တမ်းအစဉ် အတိုင်းနေ၍ မိမိအလိုလိုသာလျှင် ပရိနိဗ္ဗာန်ဝင်စံကြကုန်၏။ ဤမှန်ကန်သော သစ္စာစကားကြောင့် ငါ့အားအမြဲတမ်း ကျန်းမာခြင်း ချမ်းသာခြင်း ဖြစ်ပါစေ။
(အသံထွက် - 
အတ်ထာနာ မေတံ ဘိတ်ခဝေ ၊ အနာဝကာသောယံ ပရူ ပက်ခါမေန ၊ တထာဂတံ ဇီဝိတာ ၊ ဝါရောပေယျအနုတ် ပက်ခမေန ၊ ဘိတ်ခဝေ ၊ တထာ ဂဒါ ၊ ပရိတ်နိတ်ဗာ ယန်တိအေတေန သစ်စ ဝတ်ဇေန ၊ သွတ်ထိမေ ဟောတု သဗ်ဗာဒါ)
---------------------
Monday
ဗောဇ္ဈင်္ဂသုတ်တော် - အနက် အဓိပ္ပာယ်
၁။ ဗောဇ္ဈင်ခုနှစ်ပါး မြတ်တရားသည် သံသရာ၌ ကျင်လည်နေကြရသော သူတို့၏ ဆင်းရဲဒုက္ခကို သက်သာ ပျောက်ကင်းစေနိုင်၏။ ထကြွ သောင်းကျန်းလာသော ကိလေသာတို့ကိုလည်း နှိပ်ကွပ်ဆုံးမနိုင်၏၊ အရဟတ္တမဂ်၏ အင်္ဂါ အစိတ်အပိုင်းလည်း ဖြစ်ပေ၏။
၂။ သတ္တဝါတို့သည် ဗောဇ္ဈင်ခုနှစ်ပါး မြတ်တရားကို ဒိဋ္ဌသိမြင်ကြပါလျှင် ဘဝသုံးပါးမှ ကျွတ်လွတ်ကြရကုန်၏၊ မြတ်ရာသို့လည်းရောက်ကုန်၏။ ပဋိသန္ဓေ နေရသည့်ဘေး၊ အိုရသည့်ဘေး၊ နာရသည့်ဘေး၊ သေရသည့်ဘေးတို့ ကင်း သော နိဗ္ဗာန်သို့လည်း ရောက်ကြရကုန်၏။
၃။ ဆိုခဲ့ပြီးသော ဂုဏ်ကျေးဇူးတို့နှင့်သာမက အခြားသော ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံသည့်အပြင် ဆေးလည်းဖြစ် မန္တရားလည်းဖြစ်သော ဤဗောဇ္ဈင်ပရိတ်တော်ကို စုပေါင်းရွတ်ဆိုကြပါစို့။
၎-၅။ ဗောဓိဉာဏ်၏ အင်္ဂါအစိတ်အပိုင်းဖြစ်ကုန်သော သတိ၊ ပညာ၊ ဝီရိယ၊ ပီတိ၊ ပဿ      ဒ္ဓိ  ၊  သမာဓိ၊ ဥပေက္ခာ ဤတရားခုနှစ်ဖြာတို့ကို ဗောဇ္ဈင် တရားများ ဖြစ်ကြသည်ဟူ၍ တရားအားလုံးကို သိမြင်တော်မူသော မြတ်စွာဘုရားက ထုတ်ဖေါ်ဟောကြားပေ၏။ ထိုဗောဇ္ဈင် ခုနှစ်ပါးကို ပွားများအပ်ကုန်၏။ ထပ်၍ ထပ်၍ ပွားများ အပ်ကုန်၏။
၆။ ဤဗောဇ္ဈင်ခုနှစ်ပါး မြတ်တရားကို ပွားများသည်ရှိသော် တရားထူး တရား မြတ်တို့ကိုလည်း တိုးတက် သိစေနိုင်သည့် အကျိုးရှိ၏။ ကိလေသာ ငြိမ်းအေး ခြင်း အကျိုးလည်းရှိ၏၊ အရဟတ္တမဂ်ကို ရရှိခြင်း အကျိုးလည်းရှိ၏။ ဤသို့ မှန်သောစကားကို ဆိုသဖြင့် သင့်အား အခါခပ်သိမ်း စီးပွားချမ်းသာ ဖြစ်ပါစေ သတည်း။
၇။ အခါတပါး၌ မြတ်စွာဘုရားသည် မကျန်းမာသဖြင့် ဆင်းရဲဒုက္ခရောက်ရသော ရှင်မောဂ္ဂလာန်နှင့် ရှင်မဟာ ကဿ      ပ   မထေရ် နှစ်ပါးတို့အား ဗောဇ္ဈင်ခုနှစ်ပါး မြတ်တရားကို ဟောကြားတော်မူခဲ့၏။
၈။ ထိုမထေရ်နှစ်ပါးသည် ဗောဇ္ဈင်တရားတော် ကို လွန်စွာ နှစ်သက်ကြသည့် အတွက် တရားနာဆဲ ခဏမှာပင် အနာရောဂါမှ သက်သာပျောက်ကင်း ခဲ့ရ လေသည်။ ဤသို့ မှန်သောစကားကို ဆိုသဖြင့် သင့်အား အခါခပ်သိမ်း စီးပွားချမ်းသာ ဖြစ်ပါစေ သတည်း။
၉။ အခါတပါး၌ မြတ်စွာဘုရားကိုယ်တိုင် အနာရောဂါ ဖိစီးနှိပ်စက်ခြင်းကို ခံတော်မူရ၏၊ ထိုအခါ စုန္ဒမထေရ်မြတ်ကို ရိုသေစွာ ဗောဇ္ဈင်တရားဟောစေပြီး မြတ်စွာဘုရား နာကြားတော်မူသည်။
၁ဝ။ ဗောဇ္ဈင်တရားကို နှစ်လိုတော်မူ၍ ဟောသောခဏမှာပင် အနာရောဂါ ပျောက်ကင်းလေသည်။
၁၁။ မဟာကဿ     ပမထေရ်၊ မဟာမောဂ္ဂလာန်မထေရ်နှင့် ဘုရားရှင်တို့အား အနာရောဂါတို့ ကင်းပျောက်ကြကုန်၏။ မဂ်ဖြင့်ပယ်အပ်သော ကိလေသာ တို့ကဲ့သို့ အနာရောဂါတို့သည် နောက်ထပ် မဖြစ်နိုင်ကြတော့ပေ။ ဤသို့ မှန်သောစကားကို ဆိုသဖြင့် သင့်အား ကျန်းမာချမ်းသာခြင်း ဖြစ်ပါစေသတည်း။
ဗောဇ္ဈင်သုတ် မြန်မာပြန် ပြီး၏။
ဗောဇ္ဈင်သုတ်တော်ကို ဆင်ခြင်ခြင်းအားဖြင့် ရောဂါဆိုးများကို သက်သာလာစေသည်၊ ရောဂါပျောက်ကင်း စေနိုင်သည်၊ ပင်ရင်း ဗောဇ္ဈင်သုတ်သုံးသုတ်ကို တွဲ၍ရွတ်လျှင် ပိုကောင်းသည်။
ပုဗ္ဗဏှသုတ်တော် - အနက် အဓိပ္ပာယ်
ဂြိုလ်ဆိုး၊ နိမိတ်ဆိုး၊ အိပ်မက်ဆိုးတို့ကို ကင်းစေနိုင်သည်၊ ကံဇာတာနိမ့်နေခိုက် အထူးရွတ်ရန်သင့်သည်၊ လုပ်သမျှလုပ်ငန်း အထစ်ထစ် အငေါ့ငေါ့ဖြစ်နေလျှင် ဤသုတ်ကို အထူးရွတ်သင့်သည်၊ အရေးကြီးသော ကိစ္စတစ်ခုခုကို အောင်မြင် အောင် ဆောင်ရွက်လိုသောအခါ မလုပ်မီ ဤသုတ်ကို သရဇ္ဈယ်ပါ၊ မုချအောင် ပါလိမ့်မည်။
၁။ မကောင်းသော နိမိတ်၊ မကောင်းသော အမင်္ဂလာ၊ မနှစ်သက်ဖွယ်ဖြစ်သော ငှက်ဆိုးသံ၊ မကောင်းသော ဂြိုလ်စီးဂြိုလ်နင်း၊ မနှစ်သက်စရာ အိပ်မက်ဆိုး စသည်တို့သည် မြတ်စွာဘုရား၏ ကြီးမြတ်သော အာနုဘော်တော်ကြောင့် မကျမရောက် ကင်းပျောက် ပါစေသတည်း
၂။ မကောင်းသော နိမိတ်၊ မကောင်းသော အမင်္ဂလာ၊ မနှစ်သက်ဖွယ်ဖြစ်သော ငှက်ဆိုးသံ၊ မကောင်းသော ဂြိုလ်စီးဂြိုလ်နင်း၊ မနှစ်သက်စရာ အိပ်မက်ဆိုး စသည်တို့သည် တရားတော်၏ ကြီးမြတ်သော အာနုဘော်တော်ကြောင့် မကျမရောက် ကင်းပျောက် ပါစေသတည်း
၃။ မကောင်းသော နိမိတ်၊ မကောင်းသော အမင်္ဂလာ၊ မနှစ်သက်ဖွယ်ဖြစ်သော ငှက်ဆိုးသံ၊ မကောင်းသော ဂြိုလ်စီးဂြိုလ်နင်း၊ မနှစ်သက်စရာ အိပ်မက်ဆိုး စသည်တို့သည် သံဃာတော်၏ ကြီးမြတ်သော အာနုဘော်တော်ကြောင့် မကျမရောက် ကင်းပျောက် ပါစေသတည်း
၎။ ဒုက္ခရောက်နေကြသူအားလုံး ဒုက္ခကင်းကြပါစေ၊ ဘေးတွေ့နေကြသူအားလုံး ထိုဘေးအန္တရာယ်မှ ကင်းလွတ်ကြပါစေ၊ စိုးရိမ်သောကဖြစ်နေကြသူအားလုံး စိုးရိမ်သောက ကင်းကြပါစေ။
၅။ အထက်တွင် ဖော်ပြခဲ့ပြီးသော စကားစဉ်ဖြင့် ကာင်းမှုကို ဆည်းပူးခဲ့ကြပါသည်။ ဤသည်ကို နတ်အပေါင်းတို့က ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ကြပါကုန်
၆။ အရာရာပြည့်စုံမှု ချမ်းသာမှုရှိလာအောင် ယုံယုံကြည်ကြည်ဖြင့် လှူဒါန်းကြပါ၊ အကျင့်သီလ စောင့်ထိန်းကြပါ၊ ကမ္မဋ္ဌာန်း ဘာဝနာ ပွားများကြပါ၊ ယခုအခါ၌ တရားနာ ရောက်နေကြသော နတ်အပေါင်းတို့ ပြန်သွားနိုင်ကြပါပြီ
၇။ အားတော်ဆယ်ပါးနှင့် ပြည့်စုံတော်မြူ ကကုန်သော မြတ်စွာဘုရား၊ ပစ္စေကဗုဒ္ဓါဘုရား၊ ရဟန္တာအရှင်သူမြတ်တို့၏ ဉာဏဗလစွမ်းရည်တန်ခိုးဖြင့် အရပ်ထက်ဝန်းကျင်မှ အစောင့်အရှောက်ကို ဖွဲ့ပါ၏။
၈။ လူ့ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်၊ နတ်ပြည်တို့၌ရှိသော ရတနာတို့သည် ဘုရားတည်းဟူသော ရတနာနှင့်မတူချေ၊ ထိုရတနာတို့ထက် ဘုရားရတနာသည်သာလျှင် ပို၍မြတ်၏၊ ဤသစ္စာစကားကြောင့် သတ္တဝါအများ ချမ်းသာ ကြပါစေ သတည်း
၉။ လူ့ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်၊ နတ်ပြည်တို့၌ရှိသော ရတနာတို့သည် တရားတည်းဟူသော ရတနာနှင့်မတူချေ၊ ထိုရတနာတို့ထက် တရားရတနာသည်သာလျှင် ပို၍မြတ်၏၊ ဤသစ္စာစကားကြောင့် သတ္တဝါအများ ချမ်းသာကြ ပါစေ သတည်း
၁ဝ။ လူ့ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်၊ နတ်ပြည်တို့၌ရှိသော ရတနာတို့သည် သံဃာတည်းဟူသော ရတနာနှင့်မတူချေ၊ ထိုရတနာတို့ထက် သံဃာရတနာ သည်သာလျှင် ပို၍မြတ်၏၊ ဤသစ္စာစကားကြောင့် သတ္တဝါအများ ချမ်းသာ ကြပါစေသတည်း
၁၁။ သင့်အား မင်္ဂလာခပ်သိမ်း ပြည့်စုံပါစေ၊ နတ်တို့က သင့်ကို စောင့်ရှောက်ပါစေ၊ အားလုံးသော မြတ်စွာဘုရားတို့၏ တန်ခိုးတေဇော် အာနုဘော်တော် ကြောင့် သင့်အား ချမ်းသာသုခ ထာဝရ ပြည့်စုံပါစေ
၁၂။ သင့်အား မင်္ဂလာခပ်သိမ်း ပြည့်စုံပါစေ၊ နတ်တို့က သင့်ကို စောင့်ရှောက်ပါစေ၊ အားလုံးသော တရားတော်တို့၏ တန်ခိုးတေဇော် အာနုဘော်တော် ကြောင့် သင့်အား ချမ်းသာသုခ ထာဝရ ပြည့်စုံပါစေ
၁၃။ သင့်အား မင်္ဂလာခပ်သိမ်း ပြည့်စုံပါစေ၊ နတ်တို့က သင့်ကို စောင့်ရှောက်ပါစေ၊ ခပ်သိမ်းသော သံဃာတော်တို့၏ တန်ခိုးတေဇော် အာနုဘော်တော် ကြောင့် သင့်အား ချမ်းသာသုခ ထာဝရ ပြည့်စုံပါစေ
၁၄။ မဟာကရုဏာရှင် မြတ်စွာဘုရားသည် ကမ္ဘာသူကမ္ဘာသား အပေါင်း၏ အကျိုးစီးပွားအလို့ငှာ ပါရမီတော်ကို ဖြည့်ကျင့်တော်မူခဲ့သဖြင့် မြတ်လှစွာသော အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ် သို့ ရောက်တော်မူခဲ့လေပြီ၊ ထိုသို့မှန်သော သစ္စာစကားကို ဆိုရသောကြောင့် သင့်အား စီးပွားချမ်းသာ တိုးတက်ဖြစ်ထွန်းပါစေသတည်း။
၁၅။ သာကီဝင် မင်းအပေါင်းတို့၏ နှစ်သက်ဝမ်းမြောက်ခြင်းကို တိုးပွားစေသော မြတ်စွာဘုရားသည် ဗောဓိပင်ရင်း၌ မာရ်ငါးပါးကို အောင်မြင်တော်မူသကဲ့သို့ ထို့အတူ သင့်အား အောင်မြင်ခြင်ြး ဖစ်စေသတည်း၊ အောင်သင့်အောင်အပ်သော မင်္ဂလာဟူသမျှ သင့်အား အောင်မြင်ရရှိပါ စေသတည်း။
၁၆။ သဗ္ဗညုဘုရားအဆူဆူတို့ ဗုဒ္ဓါဘိသေကမင်္ဂလာ ခံယူရာ လည်းဖြစ်သော ကမ္ဘာမြေအပြင်၌ အထူးတင့်တယ်၍ မြေတကာတို့၏ အဦးအထိပ်လည်း ဖြစ်သော အပရာဇိတပလ္လင်တော်၌ မြတ်စွာဘုရားသည် လူသုံးပါးတို့ထက် မြတ်သော ဘုရားအဖြစ်သို့ ရောက်သဖြင့် ဝမ်းမြောက်တော်မူခဲ့လေပြီ။
၁၇။ ဤနည်းအတူ သင့်အားလည်း နက္ခတ်ကောင်းကြုံပါစေ၊ မင်္ဂလာကောင်း ရှိပါစေ၊ ချမ်းမြေ့စွာ နံနက်မိုးသောက် အလင်းရောက်ပါစေ၊ ကောင်းစွာ တိုးတက်ပါစေ၊ စက္ကန့်တိုင်း မိနစ်တိုင်း နာရီတိုင်း ကောင်းကျိုးချမ်းသာ မင်္ဂလာနှင့် ပြည့်စုံပါစေ၊ အကျင့်မြတ်ကို မပြတ်ကျင့်ကြံနေသော သူတော် ကောင်းတို့အား ကောင်းစွာ ပူဇော်ခြင်း ဖြစ်ပါစေသတည်း။
၁၈။ မြတ်သောကိုယ်အမှု၊ မြတ်သောနှုတ်အမှု၊ မြတ်သောစိတ်အမှု ရှိပါစေ၊ ကောင်းမြတ်သော ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုတို့၌ သင်၏စိတ်ကို ဆောက်တည်နိုင်ပါစေ သတည်း။
၁၉။ လူခပ်သိမ်း၊ နတ်ခပ်သိမ်းတို့သည် မြတ်သော အမှုကိစ္စတို့ကို ဆောင်ရွက်ကြသည့် အတွက် မြတ်သောအကျိုးတရားတို့ကို ရကြကုန်၏၊ မြတ်သောအကျိုး တရားကို ရရှိသောသူတို့သည် ချမ်းချမ်းသာသာ ရှိကြကုန်၏၊ ထိုသူတို့သည် ဘုရားသာသနာ၌ ကြီးပွားတိုးတက် လာကြကုန်၏။ ထိုသူတို့သည် မိမိတို့ အဆွေ အမျိုးတို့နှင့်အတူ ကျမ်းမာချမ်းသာကြပါစေကုန်သော်
ပုဗ္ဗဏှသုတ် မြန်မာပြန် ပြီး၏။
၂၄ ပစ္စည်း အနက်အဓိပ္ပာယ်
၂၄ ပစ္စည်း အနက် အဓိပ္ပာယ်
၁။ ဟေတုပစ္စယော
အရင်းခံ အကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သော တရား
(လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟ)
၂။ အာရမ္မဏပစ္စယော-
အာရုံဖြစ်၍ ကျေးဇူးပြုတတ်သော တရား
(ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဌဗ္ဗာရုံ၊ ဓမ္မာရုံ)
၃။ အဓိပတိပစ္စယော
အကြီးအမှူးခေါင်းဆောင်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား
(ဆန္ဒ၊ ၀ီရိယ၊ စိတ္တ၊ ၀ီမံသ(ပညာ))
၎။ အနန္တရပစ္စယော
အခြားမဲ့ဆက်တိုက်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား
၅။သမနန္တရပစ္စယော
ကောင်းစွာအခြားမဲ့ဆက်တိုက်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား
၆။ သဟဇာတပစ္စယော
အတူတကွဖြစ်၍ ကျေးဇူးပြုတတ်သော တရား
၇။ အညမညပစ္စယော
အချင်းချင်း အပြန်အလှန် ကျေးဇူးပြုတတ်သော တရား
၈။ နိဿ     ယ  ပစ္စယော
မှီရာဖြစ်၍ ကျေးဇူးပြုတတ်သော တရား
၉။ ဥပနိဿ     ယ    ပစ္စယော
အားကြီးသော မှီရာဖြစ်၍ ကျေးဇူးပြုတတ်သော တရား
၁၀။ ပုရေဇာတပစ္စယော
ရှေ့မှဖြစ်၍ ကျေးဇူးပြုတတ်သော တရား
၁။ ပစ္ဆာဇာတပစ္စယော နောက်မှဖြစ်၍ ကျေးဇူးပြုတတ်သော တရား
၁၂။ အာသေ၀နပစ္စယော
မှီဝဲထုံရာဖြစ်၍ ကျေးဇူးပြုတတ်သော တရား
၁၃။ ကမ္မပစ္စယော
ကုသိုလ်ကံ၊ အကုသိုလ်ကံ စေတနာဖြစ်၍ ကျေးဇူးပြုတတ်သော တရား
၁၄။ ၀ိပါကပစ္စယော အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သော တရား
၁၅။ အာဟာရပစ္စယော
ရုပ်နာမ်အာဟာရအဖြစ် ထောက်ပံ့၍ ကျေးဇူးပြုတတ်သော တရား
၁၆။ ဣန္ဒြိယပစ္စယော ဆိုင်ရာကိစ္စများ၌ အစိုးရခြင်းဖြင့် ကျေးဇူးပြုတတ်သော တရား
၁၇။ ဈာနပစ္စယော
စူးစူးစိုက်စိုက်နှင့် ဆန့်ကျင်ဘက်ကို ဖျက်ဆီး၍ ကျေးဇူးပြုတတ်သော တရား
၁၈။ မဂ္ဂပစ္စယော
လမ်းဖြစ်၍ ကျေးဇူးပြုတတ်သော တရား
၁၉။ သမ္ပယုတ္တပစ္စယော တစ်သားတည်း ယှဉ်ဘက်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား
၂၀။ ၀ိပ္ပယုတ္တပစ္စယော
မယှဉ်ဘဲ ကျေးဇူးပြုတတ်သော တရား
၂၁။ အတ္ထိပစ္စယော
ရှိပြီးဖြစ်၍ ကျေးဇူးပြုတတ်သော တရား
၂၂။ နတ္ထိပစ္စယော မရှိဘဲ ကျေးဇူးပြုတတ်သော တရား
၂၃။ ၀ိဂတပစ္စယော
ကင်း၍ ကျေးဇူးပြုတတ်သော တရား
၂၄။ အ၀ိဂတပစ္စယော
မကင်းဘဲ ကျေးဇူးပြုတတ်သော တရား
Sunday
=================
သာမညဆရာတော် ဘုရားကြီး အထူးပေးသော ဂါထာတော်
ဥုံ သိဒ္ဓိဘုရား နားမှာဗြဟ္မာ၊ လက်မှာသိကြား၊ ခါးမှာဘီလူး၊ ဒူးမှာခြင်္သေ့၊ ခြေမှာနဂါး၊ ကိုယ်မှာ ဂဠုန် အစောင့်ထားပါ၏ ။
ဥုံ ကောက္ကူသံ၊  ဥုံ ကောဏဂုံ၊ ဥုံ ကဿပ၊ ဥုံ ဂေါတမ၊ ဥုံ အရိမေတ္တယျ ၊ ဥုံ ဒီပင်္ကာရာ မြတ်စွာဘုရားတို့ကို ကိုးကွယ်ပါ၏ ။
ဓါတ်တော်ဝင် မဟာဝင် ဧရာဝင်၊ မဟာဝိနယော ဗောဓိ ၈ တန်၊ ဉာဏ်တော် ၁၈ ပါး၊ ဥုံ ဘုရား ဥုံ တရား ဥုံ သံဃာတော်နှင့်၊ ရွှေအဆင်းအလား၊ ဦးခေါင်းတော်က မြင့်မိုရ်တောင်၊ မျက်လုံးတော်က ပုလဲရောင်၊  သွားတော်က ဝရဇိန်၊ လည်တော်က သံချောင်း၊ မဏိဗောဓိ ရွှေညောင်ပင်က ပွင့်တော်မူပါ၍၊ လေးသင်္ချေ ကမ္ဘာတစ်သိန်း၊ ရှစ်သင်္ချေ ကမ္ဘာတစ်သိန်း၊ တစ်ဆယ့်ခြောက် သင်္ချေ ကမ္ဘာတစ်သိန်း၊ ပါရမီဖြည့်လာသော ဘဘုရား၊ သားတော်သမီးတော်တို့ကို ဆင်းရဲ ဒုက္ခ ဝဋ်ဆင်းရဲမှ လွတ်ကင်းအောင်၊ ချမ်းသာ သုခ ဘဝသို့ရောက်အောင် ပို့ဆောင်နိုင်သော အရှင်ဘုရား၊ ကြီးပွားချမ်းသာအောင် စောင့်ရှောက်တော် မူပါ ဘုရား။
(အမှုအခင်းရှိက (၉) ခေါက်၊ ပစ္စည်းပျောက်လျှင် (၃) ခေါက်၊ နေထိုင်မကောင်းလျှင် (၇) ခေါက်၊ ချမ်းသာချင်လျှင် (၁၂) ခေါက်၊ စစ်တိုက်သွား (၅) ခေါက်၊ ကိုယ်အာရုံပြုချင်တဲ့ ဘုရားကို အာရုံပြု၊ ရွတ်ဖတ်ပွားများပါ။ ငါးပါးသီလ တတ်နိုင်သမျှ လုံအောင် ထိမ်းပါ။)
=========================================
ဇလွန် ပြည်တော်ပြန် စမ္မခဏ် ဂါထာ
ဣတိပိ ပိဋကတ္တ ယံ အနိစ္စံ ဒု က္ခံ အနတ္တ ံ။
သတ္တ ဗောဇ္ဈင် င်္ဂေါ   အဋ္ဌင်္ဂိ ကော    မဂ္ဂေ ါ    စတုပဋ္ဌာနံ ၊ သဗ္ဗ ဿ       ဣန္ဒေ ာ ၊ သဟဿ         သူရိ ယော။
ဩောင် း နမော မေတ္တာနံ၊ ရာဇဘယံ ၊ စောရဘယံ ၊ ဥဒက ဘယံ ၊ အဂ္ဂိဘယံ ၊ သတ္ထဘယံ ၊ သဗ္ဗဘယံ ၊ ဇယော ဇယတု မင်္ဂလံ။
အနိစ္စံ ၊ သင်္ခတံ ၊ ပဋိစ္စ သမုပ္ပန္နံ ၊ ခယဓမ္မံ ၊ ဝယဓမ္မံ ၊ ဝိရာဂဓမ္မံ ၊ နိ ရောဓ ဓမ္မံ ၊ ပဏ္ဍိ တာ ခမန္တိ ။   ။
ဣတိပိ ပိဋကတ္တ ယံ အနိစ္စံ ဒု က္ခံ အနတ္တ ံ။ - ဤသို့ဖြစ်ခြင်း ပျက်ခြင်း သဘောရှိသောကြောင့် အနိစ္စ၊ ဤသို့ မပြတ်နှိပ်စက်ခြင်း သဘောရှိသောကြောင့် ဒုက္ခ၊ ဤသို့ မိမိအလိုသို့ မလိုက်ခြင်း သဘောရှိသောကြောင့် အနတ္တ မည်၏။
သတ္တ ဗောဇ္ဈင် င်္ဂေါ   အဋ္ဌင်္ဂိ ကော၊ မဂ္ဂေ ါ ၊ စတုပဋ္ဌာနံ ၊ သဗ္ဗ ဿ       ဣန္ဒေ ာ ၊ သဟဿ         သူရိ ယော။ - ၇ ပါးသော ဗောဇ္ဈင်တို့သည် လည်းကောင်း၊ အင်္ဂါ ၈ ပါး ရှိသော၊ ၂၄ ပစ္စည်းဟူသည့် ပဋ္ဌာန်းသည် လည်းကောင်း၊ တရားအလုံးစုံကို အစိုးရသော မြတ်စွာဘုရားသည် လည်းကောင်း၊ ရောင်ခြည် တစ်ထောင်ဆောင်သော နေမင်းသည် လည်းကောင်း၊ ဤသို့ ဖြစ်ခြင်း ပျက်ခြင်း သဘောရှိသောကြောင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တ မည်၏။ ဩောင် း နမော မေတ္တာနံ၊ ရာဇဘယံ ၊ စောရဘယံ ၊ ဥဒက ဘယံ ၊ အဂ္ဂိဘယံ ၊ သတ္ထဘယံ ၊ သဗ္ဗဘယံ ၊ ဇယော ဇယတု မင်္ဂလံ။ - အထူးသဖြင့် မြတ်တော် မူကုန်သော ဘုရားရှင်တို့အား ရှိခိုးပါ၏။ ထိုဘုရားရှင်တို့၏ တန်ခိုးတေဇော် အာနုဘော်တို့ကြောင့် မင်းဘေးကို လည်းကောင်း၊ ခိုးသူဘေးကို လည်းကောင်း၊ ရေဘေးကို လည်းကောင်း ၊ မီးဘေးကို လည်းကောင်း၊ လက်နက်ဘေးကို လည်းကောင်း၊ ဘေးအားလုံးကို လည်းကောင်း အောင်မြင်နိုင်ပါစေ သတည်း။ ကောင်းသော မင်္ဂလာ ဟူသမျှ အောင်မြင်ပါစေသတည်း။
အနိစ္စံ ၊ သင်္ခတံ ၊ ပဋိစ္စ သမုပ္ပန္နံ ၊ ခယဓမ္မံ ၊ ဝယဓမ္မံ ၊ ဝိရာဂဓမ္မံ ၊ နိ ရောဓ ဓမ္မံ ၊ ပဏ္ဍိ တာ ခမန္တိ ။ - အကြောင်းကို စွဲ၍ ဖြစ်သော အကျိုးတရားသည် ကံ၊စိတ်၊ဥတု၊အာဟာရအကြောင်းတရား ( ၄ )ပါးတို့ ပြုပြင်အပ်သည်ဖြစ်၍ အမြဲမရှိပေ။ ကုန်ခြင်း သဘောရှိ၏။ ပျက်ခြင်း သဘောရှိ၏။ ရာဂကင်းခြင်း သဘောရှိသော နိဗ္ဗာန်ကို၊ ပညာရှိတို့သည် နှစ်သက်တော် မူကြသည်။    ။
(စမ္မခဏ်ဂါထာကို နေ့စဉ်မပြတ် အမြဲရွတ်ဖတ်ပါက အတွင်းရန် အပြင်ရန်များ ကင်းစင်ပပျောက်ခြင်း၊ သူတပါး မကောင်း မကြံစည်နိုင်ခြင်း၊ မိမိတောင့်တနသော ဆုကို ရရှိနိုင်ခြင်း၊ မိသားစုနှင့် မကွဲမကွာ နေရခြင်း၊ မိမိနေလိုသော အရပ်ဒေသများတွင်သာ နေထိုင်ရခြင်း၊ ဘုန်းတန်ခိုးကြီးခြင်း၊ လာဘ်လာဘ ပေါများခြင်း၊ ရန်အောင်မြင်ခြင်း စသော အကျိုးများကို လက်တွေ့ခံစားရမည်။)
မေတ္တာ ၊ ပဋ္ဌာန်း ၊ သမ္ဗုဒ္ဓေကျင့်စဉ်တော် အဓိဋ္ဌာန် (Zaw-Gyi)
==============================
မေတ္တာ ၊ ပဋ္ဌာန်း ၊ သမ္ဗုဒ္ဓေကျင့်စဉ်တော် အဓိဋ္ဌာန်  (Unicode)
မေတ္တာ ၊ ပဋ္ဌာန်း ၊ သမ္ဗုဒ္ဓေကျင့်စဉ်တော် အဓိဋ္ဌာန်ကို မည်သည့်နေ့တွင်မဆို စတင် ဝင်ရောက်နိုင်ပါသည် ။
နံနက် ( ၉ ) နာရီမှ ( ၁၁ )နာရီအတွင်း အဓိဋ္ဌာန် ဆောင်ရွက်ရပါမည် ။ အဓိဋ္ဌာန် တစ်ခါ ဝင်လျှင် ( ၉ ) ရက် သတ်မှတ်၍ ပြီးဆုံး အောင်မြင်အောင် ပြုလုပ်ရပါမည် ။
အဓိဋ္ဌာန် မစမီ ဆွမ်း ၊ ပန်း ၊ ရေချမ်း ၊ နံ့သာတိုင် ၊ အလင်းတိုင် တို့ကို မိမိ စိတ်တွင် ကြည်ညိုသလို လှူဒါန်းနိုင်ပါသည် ။
ထို့နောက် ဩကာသ ကန်တော့ချိုးဖြင့် ငါးပါးသီလ ခံယူဆောက်တည်ပါ ။ ဤ ငါးပါးသီလကို တစ်နေကုန် စောင့်ထိန်းရမည် မဟုတ်ပါ ။ အဓိဋ္ဌာန် ကျင့်စဉ်တော်ဖြင့် ပူဇော်ဆဲ တစ်ထိုင် အချိန်အတွင်းမျှသာ ဖြစ်ပါသည် ။
ပထမ ဦးဆုံး “ နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ” သုံးကြိမ် ရွတ်ပွားပါ ။
မေတ္တသုတ်တော် ရွတ်ပွားပါ ။ ပြီးလျှင် အရှေ့အရပ်သို့ စကြဝဠာ အဆုံးတိုင် အာရုံညွှတ်၍ မေတ္တသုတ်တော်ကို ရွတ်ပွားပါ ။ ပြီးလျှင်
“ အရှေ့အရပ်၌ ရှိကြကုန်သော အနန္တစကြဝဠာ ၊ အနန္တသတ္တဝါတို့သည် မေတ္တသုတ်တော်၏ ဂုဏ်တန်ခိုးကြောင့် ဆင်းရဲခပ်သိမ်း ၊ ဘေးရန်ခပ်သိမ်း ၊ ဒုက္ခခပ်သိမ်း ၊ ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းကြ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၍ ချမ်းသာကြပါစေ ။ တပည့်တော်လည်း ထို့အတူ ဖြစ်ရပါစေ ” ဟု ဆုတောင်းပါ ။
ထို့နောက် အနောက်အရပ် ၊ တောင်အရပ် ၊ မြောက်အရပ် ၊
အရှေ့မြောက်အရပ် ၊ အနောက်တောင်အရပ် ၊ အရှေ့တောင်အရပ် ၊ အနောက်မြောက်အရပ် ၊
အထက်အရပ် ၊ အောက်အရပ် တို့သို့ အစဉ်အတိုင်း အရပ်မျက်နှာများသို့ အာရုံညွှတ်၍ မေတ္တသုတ်တော်ကို ရွတ်ပွား ပူဇော်၍ ထိုနည်းတူ ဆုတောင်းပါ ။
ပဋ္ဌာန်း ပစ္စယုဒ္ဒေသ ပါဠိတော် - ဟေတုပစ္စယော ၊ အာရမ္မဏပစ္စယော ၊ အဓိပတိပစ္စယော ၊ အနန္တရပစ္စယော ၊ သမနန္တရပစ္စယော ၊ သဟဇာတပစ္စယော ၊ အညမညပစ္စယော ၊ နိဿယပစ္စယော ၊ ဥပနိဿယပစ္စယော ၊ ပုရေဇာတပစ္စယော ၊ ပစ္ဆာဇာတပစ္စယော ၊ အာသေဝနပစ္စယော ၊ ကမ္မပစ္စယော ၊ ဝိပါကပစ္စယော ၊ အာဟာရပစ္စယော ၊ ဣန္ဒြိယပစ္စယော ၊ ဈာနပစ္စယော ၊ မဂ္ဂပစ္စယော ၊ သမ္ပယုတ္တပစ္စယော ၊ ဝိပ္ပယုတ္တပစ္စယော ၊ အတ္ထိပစ္စယော ၊ နတ္ထိပစ္စယော ၊ ဝိဂတပစ္စယော ၊ အဝိဂတပစ္စယော တိ ။
အထက်ပါ အတိုင်းပင် အရပ်ဆယ်မျက်နှာသို့ တစ်လှည့်စီ ပဋ္ဌာန်းပါဠိတော် ပစ္စယုဒ္ဒေသကို ရွတ်ပွားပူဇော်ပါ ။ ပြီးလျှင်
 “ ထိုအရပ်၌ ရှိကြကုန်သော အနန္တစကြဝဠာ ၊ အနန္တသတ္တဝါတို့သည် ပဋ္ဌာန်းဒေသနာတော်၏ တန်ခိုးရှိန်စော် အာနုဘော်ကြောင့် လောကုတ္တရာ အမှောင်များ ဖြစ်သော အဝိဇ္ဇာကင်းပျောက်၍ သစ္စာလေးပါး တရားတော်များကို သိရှိ၍ ဒါန ၊ သီလ ၊ ဘာဝနာ ၊ ကုသိုလ် တရားများကို ပွားများ အားထုတ်နိုင်ကြပြီး လောဘ ၊ ဒေါသ ၊ မောဟ ဟူသည့် အကုသိုလ် တရားများ ကင်းဝေးကာ လောကုတ္တရာအလင်းသို့ ရောက်ရှိကြပါစေ ။ တပည့်တော်လည်း ထို့အတူ ဖြစ်ရပါစေ ” ဟု ဆုတောင်းပါ ။
ထို့နောက် “ ထို အရပ်ဒေသ၌ ရှိကြကုန်သော အနန္တစကြဝဠာ ၊ အနန္တသတ္တဝါတို့သည် ပဋ္ဌာန်းဒေသနာတော်၏ တန်ခိုးရှိန်စော် အာနုဘော်ကြောင့် လောကီအမှောင်များ ဖြစ်သော စားဝတ်နေရေး ခက်ခဲ ကျပ်တည်းခြင်း ၊ ရာထူးဌာနန္တရ ၊ စည်းစိမ် ဥစ္စာ ၊ အလုပ်အကိုင် လျှောကျပျက်စီးခြင်း ၊ ကျန်းမာရေး ချို့ယွင်းခြင်း ၊ အနာဒဏ်ရာ စွဲကပ်ကျရောက်ခြင်း ၊ အမှုအခင်း ရင်ဆိုင် ကြုံတွေ့ရခြင်း ၊ ဘေးရန်အန္တရာယ် ကြုံတွေ့ရခြင်း ၊ မလိုမုန်းထားသူ ရှိခြင်း ၊ ပူပင် သောက ကြုံတွေ့ရခြင်း စသော အမှောင်တို့ ကင်းပျောက်၍ အလင်းသို့ ရောက်ရှိကြပါစေ ။ တပည့်တော်လည်း ထို့အတူ ဖြစ်ရပါစေ ။ ” ဟု ဆုတောင်းပါ ။
သမ္ဗုဒ္ဓေဂါထာတော် - သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ ၊ ဒွါဒသဉ္စ သဟဿကေ ။ ပဉ္စဿတ သဟဿာနိ ၊ နမာမိ သိရသာမဟံ ။ အပ္ပကာ ဝါလုကာ ဂင်္ဂါ ၊ အနန္တာ နိဗ္ဗုတာ ဇိနာ ။ တေသံ ဓမ္မဉ္စ သံဃဉ္စ ၊ အာဒရေန နမာမဟံ ။ နမက္ကရာနုဘာဝေန ၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ ။ အနေက အန္တရာယာပိ ၊ ဝိနဿန္တု အသေသတော ။
ထို့နောက် သမ္ဗုဒ္ဓေဂါထာတော်ကို အထက်ပါအတိုင်း အရပ်မျက်နှာ အစဉ်လိုက် ရွတ်ပွားပူဇော်ရပါမည် ။ အရပ်မျက်နှာ တစ်ခု ရွတ်ပွားပြီးတိုင်း “ ထိုအရပ်ဒေသ၌ ရှိကြကုန်သော အနန္တစကြဝဠာ အနန္တသတ္တဝါတို့သည် ဂင်္ဂါဝါလု သဲစုမက ပွင့်တော်မူပြီးကုန်သော ဘုရား အဆူဆူတို့၏ ဂုဏ်တော် ၊ မေတ္တာတော် ၊ ကရုဏာတော် ၊ ပါရမီတော်တို့ကြောင့် ဒုက္ခဆင်းရဲခြင်း အပေါင်း ကင်းဝေး၍ ကောင်းကျိုးလိုရာဆန္ဒ ဟူသရွေ့ ပြည့်စုံ ၊ ပြည့်၀ကြပါစေ ။ တပည့်တော်လည်း ထို့အတူ ဖြစ်ရပါစေ ” ဟု ဆုတောင်းပါ ။
ထို့နောက် တပည့်တော်သည် မေတ္တာ ၊ ပဋ္ဌာန်း ၊ သမ္ဗုဒ္ဓေ ကျင့်စဉ်တော်ကို အဓိဋ္ဌာန် ထားရှိသည့်အတိုင်း မပျက်မကွက် ပူဇော်ပြီးမြောက်ခဲ့ပါပြီ ။ ဤကောင်းမှု ဤကုသိုလ်တို့၏ အဖို့ဘာဂကို ( ၃၁ ) ဘုံသား အားလုံးတို့သည် တပည့်တော်နှင့် ထပ်တူ ထပ်မျှ ရရှိကြစေရန် အမျှပေးဝေပါသည် ။ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့ ဟု အမျှပေးဝေ၍ သာဓု ခေါ်ဆိုပါ ။
ဤ ကျင့်စဉ်တော်သည် ထူးခြားလှသော ကျင့်စဉ်တော် ဖြစ်၏ ။ အဓိဋ္ဌာန် တစ်ကြိမ် ( ၉ ) ရက်ပြီးမြောက်လျှင် စီးပွားရေး ၊ လူမှုရေး ၊ ကျန်းမာရေး ၊ အလုပ်အကိုင် ၊ လာဘ်လာဘတို့ သိသာစွာ ထူးခြားလာပါလိမ့်မည် ။ ကျင့်စဉ်တော် အဓိဋ္ဌာန်ဝင် ပူဇော်သူများထံမှလည်း သိသာထူးခြားသော ကောင်းကျိုးများ လက်ငင်း ခံစားရကြောင်း သတင်းကောင်းများ ပြန်လည် ကြားသိနေရလျက် ရှိပါသည် ။ ထို့ကြောင့် ဤကျင့်စဉ်တော်ကို အဓိဋ္ဌာန်တစ်ကြိမ်မျှကိုတော့ ဝင်ရောက်ကြည့်ကြစေရန် မေတ္တာစေတနာဖြင့် တိုက်တွန်းအပ်ပါသည် ။
ဘိုဘို ( ရွှေကံကူ ) စာမျက်နှာ - ၈၂
မေလ ၂၀၁၂ သူရဇ္ဇမဂ္ဂဇင်း
ရှင်သီဝလိ ဂါထာတော်
ရှင်သီဝလိဂါထာတော်
ရှင်သီဝလိဂါထာ ပါဠိ
====================================
ရှင်သီဝလိဂါထာတော်
ဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်ကပင် ဖြစ်ပါသည်။ မြတ်စွာဘုရား၏ ဆွေတော်မျိုးတော်ဖြစ်သော ကောလိယသာကီဝင်မင်းသားနှင့် သုပ္ပဝါသာ သာကီဝင်မင်းသမီးတို့သည် ရှင်သီဝလီမထေရ်မြတ်၏ ခမည်းတော်နှင့် မယ်တော် မိဘနှစ်ပါး ဖြစ်လေသည်။
ရှင်သီဝလီမထေရ်မြတ်အလောင်း သန္ဓေတော် ခ နေစဉ်မှာပင် ပစ္စည်းဘဏ္ဍာ ရတနာဆက်သကြသူများပြားလျက် လာဘ်ရွှင်ခြင်း၏အစ နိမိတ်ပြခဲ့သည်။
ပစ္စည်းဥစ္စာ ရတနာဘဏ္ဍာတိုက်တွင်းမှ ထုတ်ယူသုံးစွဲသော်လည်း ပြည့်မြဲ ပြည့်လျက်သာ၊ ကုန်ခန်းသွားသည် မရှိ၊ လာဘ်လာဘ ပြည့်ဝခြင်းဖြင့် ကောင်းခြင်းများစွာ အကျိုးပြုခဲ့လေ၏။
သို့သော် ၁၀-လနှင့်လည်းမဖွား။ လ-၂၀နှင့်လည်း မဖွားဘဲ သမားတော်ကြီးများပင် ဉာဏ်မြင်သမျှ ရောဂါရှာကြသော်လည်း ရောဂါမတွေ့၊ ဝေဒနာ မရှိ၊ ခုနစ်နှစ် တိတိကြာလေတော့သည်။
ထိုခုနစ်နှစ်မှ လွန်မြောက် ခုနစ်လ ရောက်သောအခါမှာမူ သုပ္ပဝါသာ မင်းသမီးမှာ ကမ္မဇလေ လှုပ်ရှားပြီး ဗိုက်နာ၍ လာသော်ငြား မွေးဖွားမည့်ပုံ မပေါ်၊ အချီတော် အချော့တော် နန်းတော်မှာ ခစားကြကုန်သော သမားအကျော် ဟူရားတော်များနှင့်တကွ လက်သည်တော် မောင်းမများ ပြုစုကြငြားသော်လည်း ထူး၍ သက်သာဖြစ်မလာဘဲ နာမြဲနာနေရာ ခုနစ်ရက် ပြည့်သည့်နေ့၌ မအောင့်နိုင်ဘဲ ကောလိယမင်းသားကို မြတ်စွာဘုရားထံ စေလွှတ်၍ ဝေဒနာကို ကယ်မတော်မူပါရန် လျှောက်တင်ခိုင်းလေသည်။
ကောလိယမင်းသားလည်း မြတ်စွာဘုရား၏ နှမတော်သော သုပ္ပဝါသာ မင်းသမီး၏ အဖြစ်ကို သွားရောက် လျှောက်ထားရာ -
“သုပ္ပဝါသာသည် သားရတနာကို ချမ်းသာစွာ ဖွားမြင်လိမ့်မည်” ဟု အမိန့်တော် ရှိလိုက်ရာ ကောလိယမင်းသား အိမ်တော်ပြန်ရောက်သောအခါ သုပ္ပဝါသာသာ သားရတနာကို ဖွားမြင်ပြီး ဖြစ်နေသည်ကို ဝမ်းမြောက်စွာ တွေ့ရလေတော့သည်။
မြတ်စွာဘုရားက ချမ်းသာသွာ မွေးဖွားလိမ့်မည်ဟု ပြောသောစကားအရ “သီဝလိ”ဟူသော အမည်ကို ပေးလိုက်ကြလေသည်။
အမိဝမ်းတွင်းမှာ ခုနစ်နှစ်၊ ခုနစ်လ၊ ခုနစ်ရက်တိတိ နေခဲ့ရသော သီဝလိ သတို့သားမှာ မွေးဖွား သန့်စင်သည်နှင့် တစ်ပြိုင်နက် ခုနစ်နှစ်အရွယ်ပမာဏ ရုတ်တရက်ပြောင်းလဲခဲ့သည်ဖြစ်ရာ သိတတ်၊ ရှက်တတ်သောအရွယ်တော်သို့ ရောက်ရှိလာခဲ့လေသည်။
မီးဖွားသန့်စင်ပြီး ခုနစ်ရက်ကျော်လွန်သောအခါ မြတ်စွာဘုရားရှင်နှင့် သံဃာတော်များအား အိမ်တော်သို့ ပင့်ဖတ်ပြီး သီဝလိကလေးအတွက်ဆွမ်းကပ်လှူဒါန်း ကြသည်။
ထိုဆွမ်းကပ်လှူပွဲတွင် ရှင်သာရိပုတ္တရာက အမိဝမ်းတွင်း၌ ပဋိသန္ဓေ နေရခြင်းဒုက္ခကို သိပါလျှင် တရားချမ်းသာရရန် ရဟန်းပြုသင့်ကြောင်း တရားဟောလေရာ သီဝလိသတို့သားမှာ မိဘနှစ်ပါးထံ ခွင့်ပန်၍ သာသနာ့အမွေ ခံယူလေတော့သည်။
ရှင်သာရိပုတ္တရာသည် သီဝလိသတို့သားလေးကို ကမ္မဋ္ဌာန်းပေး၍ ဆင်ခြင်စေကာ ဆံချပေးလေရာ ဆံချပြီးသည်နှင့် တစ်ပြိုင်နက် အာသဝေကုန်ခမ်း၍ ရဟန္တာဖြစ်သွားလေ တော့သည်။
လှူဒါန်းသူ ပေါများလှ၍ လာဘ်လာရွှင်လန်းသဖြင့် ဧတဒဂ်ရ မဟာသာဝက အပါအဝင် “လာဘ်လာဘ ဧတဒဂ်ရ -ရှင်သီဝလိ” ဟု မြတ်စွာဘုရားက အသိအမှတ်ပြု မိန့်တော်မူသည်က စ၍ “ရှင်သီဝလိ ပရိတ်ဂါထာ မန္တာန်တော်” ဟု ဖြစ်ပေါ်ရွတ်ဆိုပွားများခဲ့ကြပါသည်။
ရှင်သီဝလိဂါထာ ပါဠိ
၁။ သီဝလီ စ မဟာနာမံ၊ သဗ္ဗလာဘံ ဘဝိဿတိ။ ထေရဿ အနုဘာဝေန၊ သဗ္ဗေ ဟောန္တု ပိယံ မမ။
၂။ သီဝလိ စ မဟာဝီရော ယေ ယေ ပဿန္တု မံ ပိယံ။ တေ တေ ပဿန္တု ပရမံ၊ ဇနပဒါ ပူဇယန္တု။
၃။ သီဝလိ နာမ ထေရေန၊ မမသီသေ ဌပေတွာန၊ ဇမ္ဗူဒီပ မဏ္ဍလေန၊ ဇယောမန္တာ သုခါဝဟံ။
၄။ သီဝလိ စ မဟာနာမံ၊ ဣန္ဒာဒေဝါ သဗြဟ္မကာ။ မနုဿပုရိသော ဣတ္ထိ၊ မဟာလာဘံ ဘဝိဿတိ။
၅။ သီဝလိ စ မဟာလာဘံ၊ နာနာဒေဟိ ဝရံ ဝရံ။ ဣဒမ္ပိ ပူဇာတံ ဒေတိ၊ မဟာသုခံ ဘဝိဿတိ။
၆။ ဝဏ္ဏံ ဒန္တံ သုခံ ကိတ္တိ၊ အနာမယံ ဘဝေ ဘဝေ။ တဝရုက္ခေ ဒေဝဓိတာ၊ သဗ္ဗကောဓံ ဝိနဿန္တု။
၇။ သီဝလိ စ မဟာလာဘံ၊ သဗ္ဗလာဘံ ဘဝိဿတိ။ ထေရဿ အာနုဘာဝေန၊ သဒါ ဟောတု ပိယံ မမ။
၈။ သီဝလိ စ မဟာထေရော၊ ယေ ယေ ပဿန္တု မံ ပိယံ။ တေ တေ ပဿန္တု မံ ပိယံ၊ ဇနပ္ပဒံ ပူဇယန္တု။
၉။ သီဝလိ စ မဟာထေရော၊ မမ သီသေ ဌပေတွာန။ မန္တိတေဇ ဇယောမန္တံ၊ အဟံ ဝန္ဒာမိ သဗ္ဗဒါ။
၁၀။ သီဝလိ စ မဟာထေရော၊ ဒေဝမနုဿ ပူဇိတော။ သောရဟော ပစ္စယာဒီနံ၊ မဟာလာဘံ ကရောတု မေ။
ပါဠိဆရာကြီး ဦးအောင်တင် ဗုဒ္ဓပရိတ်တော်နှင့် အန္တရာယ်ကင်း ဂါထာပေါင်းချုပ် (စာမျက်နှာ-၁၈၅)
ဓာတ်ကြီးလေးပါး စွမ်းပကား - ဆွမ်းတော်ကပ်နည်း
ဆွမ်း - အလုပ် (၂၀)
ရေ - (၁၂) ခွက်
ဖယောင်းတိုင် - (၄) တိုင်
(ဇီဝအောင်ထွဋ်)
=============================
ဓာတ်ကြီးလေးပါး စွမ်းပကား (ရေးသားသူ - ဇီဝအောင်ထွဋ်)
ရောင်ပြန်မဂ္ဂဇင်း ၂၀၁၀ ခုနှစ်၊ ဇွန်လ - စာမျက်နှာ ၃၈၃
လူတွေမှာ ဓာတ်ကြီးလေးပါးနှင့် တည်ဆောက်ဖွဲ့စည်းထားသည်ဟု မှတ်သားရ၏။
အဆိုပါ ဓာတ်ကြီးလေးပါးကား ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော တို့ ဖြစ်လေ၏။ သည် ဓာတ်ကြီးလေးပါးမှာ ညီညွတ်မျှတဖို့ လိုပေသည်။ တစ်ပါးပါး ဖောက်ပြန်ပျက်စီးပါက ခန္ဓာကိုယ်အား အကြီးအကျယ် ဒုက္ခပေးမည်သာပင်။ မိမိတို့အဖို့ ရုပ်ခန္ဓာကြီးတစ်ခု ရလာပြီဆိုလျှင် ဖောက်ပြန်မှုမရှိရလေအောင် အမြဲလိုသတိထားနေရသည်။ ပြုပြင်တည့်မတ်စရာတို့ကို ပြုပြင်တည့်မတ်နေရသည်။ သို့ရာတွင် လောကဓံဟူသည် အခက်သားကလား၊ ဖြစ်လာလျှင် ပျက်ရမည်က ဓမ္မတာဖြစ်နေသည်။ ထို့ကြောင့်ပင် ဖြစ်ပြန်၊ ပျက်ပြန် လောကဓံဟု ဆိုကြခြင်း ဖြစ်ချိမ့်မည်။
လူတစ်ယောက်အဖို့ နာဖျားမကျန်းဖြစ်ပြီဆိုလျှင် ခန္ဓာကိုယ်အတွင်း ဖွဲ့စည်းတည်ထောက်ထားသော ဓာတ်ကြီးလေးပါးအနက် တစ်ပါးမဟုတ်တစ်ပါး ဖောက်ပြန်ပျက်စီးခြင်းကြောင့် ဖြစ်ပေလိမ့်မည်။ အစွမ်းထက်သော ဆေးဝါးများ စားသုံးပါသော်လည်း အကြောင်းမည်သို့မျှမထူး၊ ဆေးမစူး၊ ထိရောက်မှုမရှိ။ သို့ဆိုလျှင် နာတာရှည်အဖြစ်မျိုးနှင့် ဘဝကိုတစ်စတစ်စ အဆုံးသတ်ရပေလိမ့်မည်။ သည့်အတွက် ထိရောက်စွာ ကူထောက်ပေးနိုင်သော အစွမ်းထက် ဓာတ်ကြီးလေးပါး ယတြာတစ်ခုကို တင်ပြလိုပါသည်။ ဤယတြာသည် နေထိုင်မကောင်း၍ အိပ်ရာထဲလဲနေသော နာတာရှည် ဝေဒနာရှင်များ၊ ဆေးမတိုးသော လူနာများအတွက် လွန်စွာမှ အစွမ်းထက်သော ယတြာဖြစ်ပါသည်။ ဤယတြာသည် အလှူယတြာဖြစ်ပါသည်
ဆွမ်း - အလုပ် (၂၀)
ရေ - (၁၂) ခွက်
ဖယောင်းတိုင် - (၄) တိုင်
ယပ် - ၆ ခုတို့ကို ဓာတ်ကြီးလေးပါး အဖြစ် သတ်မှတ်ကာ လှူဒါန်းရမည့်ယတြာဖြစ်ပါသည်။
၁။ တနင်္ဂနွေသား လူမမာဆိုပါက စနေနေ့နံနက် စောစောတွင် လှူပါ။
၂။ တနင်္လာသား - ကြာသပတေးနေ့ နံနက် စောစောတွင် လှူပါ။
၃။ အင်္ဂါသား - ဗုဒ္ဓဟူးနေ့ နံနက် စောစောတွင် လှူပါ။
၄။ ဗုဒ္ဓဟူးသား - အင်္ဂါနေ့နံနက် စောစောတွင် လှူပါ။
၅။ ကြာသပတေးသား - တနင်္လာနေ့ နံနက် စောစောတွင် လှူပါ။
၆။ သောကြာသား - ဗုဒ္ဓဟူးနေ့ နံနက် စောစောတွင် လှူပါ။
၇။ စနေသား - တနင်္ဂနွေနေ့ နံနက် စောစောတွင် လှူပါ။
(ဇီဝအောင်ထွဋ်)
ဓာတ်ကြီးလေးပါး စွမ်းပကား
ဓာတ်ကြီးလေးပါး ဆွမ်းတော်ကပ်နည်း
ဓာတ်ကြီးလေးပါး ဆွမ်းကပ်နည်း
Wednesday
ရေသ့ႀကီး ဦးခႏၲီ၏ လက္စြဲ ဂါထာ
ရသေ့ကြီး ဦးခန္တီ၏ လက်စွဲ ဂါထာ (ဘုရားဂုဏ်တော်)
ရသေ့ကြီးဦးခန္တီသည် မြန်မာပြည်သူတို့သာမက နယ်ချဲ့အင်္ဂလိပ်များပင် ကြည်ညိုလေးစားခြင်းခံရသော ပုဂ္ဂိုလ်ထူးဖြစ်၏။ ဦးခန္တီသည် ဗြိတိသျှ ကိုလိုနီခေတ်တွင် မြန်မာပြည်အရပ်ရပ်ရှိ ဘုရားစေတီများ၊ ရုပ်ပွားတော်များ၊ ပြသာဒ်တန်ဆောင်းများ၊ စောင်းတန်းများ၊ အမိုးအကာများ၊ လှေကားများ၊ ဘုရားကိန်းဝပ် စံပယ်ရာ ကျောင်းတော်များ၊ အာရုံခံတန်ဆောင်းများ၊ ဘုရားဖူးဧည့်သည်များ တည်းခိုနေထိုင်ရာ ဇရပ်များ၊ ကျောင်းများ၊ ရေတွင်း၊ ရေကန်များ၊ စသည်တို့ကို အံ့ချီးဖွယ် ဦးဆောင်တည်ဆောက်ခဲ့သူ ဖြစ်သည်။
ဤသာသနာ့အဆောက်အအုံများမှာ ငါးနှစ်ခံ၊ ဆယ်နှစ်ခံ သစ်သားအဆောက်အအုံများ မဟုတ်၊ နှစ်ပေါင်းရာချီ၍ တည်တံ့ခိုင်မြဲစေမည့် အုတ်၊ အင်္ဂတေ၊ သံထည်များဖြင့် တည်ဆောက်ထားသည့် အဆောက်အအုံများဖြစ်သည်။ ယင်းတို့သည် တန်ဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးကြီးမားလှသည်။ ရသေ့ကြီး ဦးခန္တီကို ပြည်သူတို့က ယုံကြည်လေးစားစွာဖြင့် အလှူငွေများ ထည့်ဝင်သောကြောင့်သာ ဤအဆောက်အအုံတို့ ဆောက်လုပ် နိုင်ခြင်း ဖြစ်သည်။
ရသေ့ကြီးဦးခန္တီ၏ အကြောင်းကို မြန်မာနိုင်ငံရှိ စာပေပညာရှင်များသာမက ပြည်ပစာပေပညာရှင်များကလည်း မှတ်တမ်းတင်ရေးသားဖော်ပြခဲ့ကြသည်။ ရသေ့ကြီးဦးခန္တီသည် ၁၂၂၉-ခုနှစ် ၀ါခေါင်လပြည့်ကျော် ၅-ရက်၊ တနင်္လာနေ့ (ခရစ်နှစ် ၁၈၆၇-ခုနှစ် သြဂုတ်လ ၁၉-ရက်နေ့) တွင် ရမည်းသင်းခရိုင်၊ ရွာသာရွာ၌ ဖွားမြင်ခဲ့သည်။ ရသေ့ကြီးသည် လွတ်လပ်ရေးရပြီး ၁၃၁၀-ပြည့်နှစ် ပြာသိုလ်လပြည့်ကျော် ၁၄-ရက်နေ့ည (၁၉၄၉-ခုနှစ်၊ ဇန်န၀ါရီလ ၂၇-ရက်နေ့) တွင် ပျံလွန်တော်မူခဲ့သည်။ ပျံလွန်တော်မူချိန်တွင် သက်တော် ၈၂-နှစ်အရွယ်ရှိသည်။
ရသေ့ကြီးဦးန္တီကား အနှစ် ၁၀၀-အတွင်း တယောက်ပေါ်ထွန်းရန် မလွယ်ကူသော ရှားပါးသည့် မြန်မာ့သားကောင်းရတနာ ပုဂ္ဂိုလ်ထူးများတွင် တဦးအပါအ၀င်ဖြစ်သည်။ရသေ့ကြီး ဦးခန္တီ လက်စွဲပြု ရွတ်ဆိုသော ဂါထာနှစ်ပုဒ်ရှိသည်ဟု ဆိုကြသည်။ တပုဒ်မှာ ဒိဝါ တပတိ အာဒိစ္စော-အစချီသော ဂါထာဖြစ်သည်။ အခြားတပုဒ်မှာ အောက်ဖော်ပြပါ အရဟံ ဗဟိ အန္တဇယံ သုဂတံ-အစချီသော ဂါထာဖြစ်သည်။ ထိုဂါထာမှာ ဘုရားဂုဏ်တော် ၁၃-ပါးကို ပူဇော်သောဂါထာ ဖြစ်သည်။
ထိုစဉ်က စစ်ကိုင်းမြို့ ပတ္တမြားစေတီ၏ အရှေ့ဘက်တွင် လှေသင်းအတွင်းဝန် ဆောက်လုပ်လှူဒါန်းသော မင်းကျောင်းရှိသည်။ ထိုကျောင်း၌ သီတင်းသုံးတော်မူသော ဒုတိယမင်းကျောင်း ဆရာတော်ကြီးသည် သီလ၊ သမာဓိ၊ ပညနှင့် အထူးပြည့်စုံတော်မူသည်။ ထိုဆရာတော်ကြီးသည် စစ်ကိုင်းမြို့ ၀ါးချက်ရွာတွင်ရှိသောကြောင့် ၀ါးချက်မင်းကျောင်း ဆရာတော်ဟုလည်း အမည်တွင်သည်။
တနေ့တွင် ထိုဆရာတော်ကြီးထံသို့ ရသေ့ကြီး ဦးခန္တီ လာရောက်၍ ၀တ်ပြုပူဇော်သည်။ ထိုအခါ ဆရာတော်ကြီးက-ရသေ့ကြီး၊ ရသေ့ကြီးကား မြန်မာပြည်အရပ်ရပ်မှာရှိသည့် စေတီ၊ ပုထိုး၊ ကျောင်းကန်၊ ဇရပ် တန်ဆောင်းများ ပြိုပျက်နေသည်များကို ပြင်ဆင်မွမ်းမံရာ၌ နာမည်ကြီးလှသည်။ တန်ခိုးလည်း ကြီးသည်ဟု သိရသည်။ ရသေ့ကြီး၏ အစွမ်းသတ္တိကို ယခု ဘုန်းကြီးတွေ့လို မြင်လိုလှသည်။ အစွမ်းသတ္တိကို ပြနိုင်ပါမည်လား-ဟု မိန့်တော်မူသည်။
ထိုအခါ ရသေ့ကြီးက ပြနိုင်ပါသည်ဘုရား၊ တပည့်တော်ကို ၄၅-မိနစ်၊ သို့မဟုတ် တနာရီမျှလောက် အချိန်ပေးပါဘုရား-ဟု လျှောက်ထားသည်။ လျှောက်ထားပြီးနောက် ရသေ့ကြီးသည် ဘုရားကျောင်းဆောင် ရှေ့တွင် သီလဆောက်တည်ပြီး ဂါထာတပုဒ်ကို ရွတ်ဆို၍ ပုတီးစိပ်သည်။ ၄၅-မိနစ်ခန့်ကြာသောအခါ ရသေ့ကြီးသည် ပုတီးစိပ်ရာမှ ထလာသည်။ ဤတွင် ဆရာတော်ကြီးက ရသေ့ကြီး ဘာမှလည်း မထူးခြားပါလား-ဟု မိန့်တော်မူသည်။ ရသေ့ကြီးက မှန်ပါ၊ တနာရီ မပြည့်ခင် ထူးခြားပါလိမ့်မယ်ဘုရား-ဟု လျှောက်သည်။ လျှောက်ပြီးနောက် ၁၀-မိနစ်ခန့်အကြာတွင် ဘုရားဖူးများ ရောက်လာပြီး ရသေ့ကြီးအား ငွေကြေးများ လှူဒါန်းကြသည်။ ရွှေလက်ကောက်၊ ရွှေဆွဲကြိုးများလည်း လှူဒါန်းကြသည်။ ဘုရားဖူးများ ပြန်သွားသောအခါ ရသေ့ကြီးက တပည့်တော်၏ အစွမ်းသတ္တိ ဒါပါပဲဘုရား-ဟု လျှောက်သည်။
ထို့နောက် ရသေ့ကြီးက ဆရာတော်ကြီးလည်း စစ်ကိုင်း ၀ါးချက်မင်းကျောင်းဆရာတော်ကြီးဟု ထင်ရှားပြီး နာမည်ကြီးလှပါသည်။ တန်ခိုးလည်း ကြီးသည်ဟု သိရပါသည်။ ဆရာတော်ကြီး၏ တန်ခိုးအစွမ်းသတ္တိကိုလည်း ယခုမြင်လို တွေ့လိုပါသည်ဘုရား-ဟု လျှောက်သည်၊ဆရာတော်ကြီးက ရသေ့ကြီး မြင်လို၊ တွေ့လိုလျှင် ပြရတာပေါ့။ ရသေ့ကြီးလိုပဲ ၄၅-မိနစ်၊ တနာရီခန့် အချိန်ပေးပါ-ဟု မိန့်ကြားပြီး ဘုရားကျောင်းဆောင်ရှေ့တွင် ဂါထာရွတ်၍ ပုတီးစိပ်သည်။ ၄၅-မိနစ်ခန့်ရှိသောအခါ ပုတီးစိပ်ရာမှ ထလာသည်။ ဤတွင် ရသေ့ကြီးက-ဆရာတော်ဘုရား၊ ဘာမှလည်း မထူးခြားသေးပါလား-ဟုလျှောက်သည်။ရသေ့ကြီး တနာရီမပြည့်သေးဘူးလေ-ဟု ပြန်လည်မိန့်ကြားသည်။ ၁၀-မိနစ်ခန့်ကြာသောအခါ လူသုံးယောက်သည် အထုပ်ကြီးသုံးထုပ် ရွက်ပြီး ကျောင်းသို့လာကာ ဆရာတော်ကြီးအား လှူဒါန်းလေသည်။ အထုပ်များကို ဖြေကြည့်ရာ အထုပ်တထုပ်လျှင် သင်္ကန်း ၃၆-စုံပါရှိ၍ ၃-ထုပ် ပေါင်း သင်္ကန်း ၁၀၈-စုံ ရရှိသည်။ဤတွင် ဆရာတော်ကြီးက ရသေ့ကြီး ဘုန်းကြီးအစွမ်းကတော့ ဒါပါပဲ-ဟု ဆိုလေသည်။
ထို့နောက် ဆရာတော်ကြီးက ရသေ့ကြီး ရွတ်တဲ့ဂါထာက ဘာဂါထာပါလဲဟုမေးရာ အရဟံ ဗဟိအန္တဇယံ သုဂတံ အစရှိသော ဂုဏ်တော် ၁၃ ပါးဂါထာပါဘုရားဟု လျှောက်သည်။ တဖန် ရသေ့ကြီးကလည်း ဆရာတော်ကြီးရွတ်ဆိုတဲ့ ဂါထာကော ဘာဂါထာပါလဲဘုရားဟု လျှောက်သောအခါ ဆရာတော်ကြီးက ရသေ့ကြီးရွတ်တဲ့ ဂုဏ်တော် ၁၃-ပါးဂါထာပဲ-ဟု မိန့်ကြားလေသည်။(ဤဖြစ်ရပ်ကို ဗန်းမော်ဆရာတော်ကြီး အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တကုမာရ-က မိန့်ကြားတော်မူခဲ့ပါသည်။)အဆိုပါ ဘုရားဂုဏ်တော် ၁၃-ပါးဂါထာမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
( ပါဠိဂါထာ )
အရဟံ ဗဟိအန္တဇယံ သုဂတံ၊
အ မိတံ ၀ိရဇံ လလိတံ အတုလံ။
စရဏံ တိဘ၀ူပသမံ ယမကံ၊
သုခဒံ သရဏံ ပဏမာမိ ဇိနံ။
( မှန်ကန်တိကျစွာ အသံထွက်နည်း)
အရဟံ ဗဟိအန်တဇယံ သုဂတံ၊
အ မိတံ ၀ိရဇံ လလိတံ အတုလံ။
စရဏံ တိ ဘ၀ူပ သမံ ယမကံ၊
သုခ ဒံ သရဏံ ပဏမာ မိ ဇိနံ။
( ဂါထာတော်၏အနက်)
အရဟံ-ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား၊
ဗဟိအန္တဇယံ-အတွင်းအပ ရန်ကို အောင်တော်မူသော မြတ်စွာဘုရား။
သုဂတံ-ကောင်းသောစကားကို ဟောပြောတတ်သောမြတ်စွာဘုရား။
အမိတံ-မနှိုင်းယှဉ်နိုင်သည့် တန်ခိုးပြာဋိဟာနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
ဝိရဇံ-ကိလေသာမြူ ကင်းတော်မူသော မြတ်စွာဘုရား။
လလိတံ-တင့်တယ်သပ္ပါယ်တော်မူသော မြတ်စွာဘုရား။
အတုလံ-အတုမရှိသော မြတ်စွာဘုရား။
စရဏံ-အကျင့်စရဏနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
တိဘ၀ူပသမံ-ဘုံသုံးပါး၌ ကိလေသာမြူ ငြိမ်းအေးတော်မူသော မြတ်စွာဘုရား။
ယမကံ-ရေမီးအစုံ တန်ခိုးပြာဋိဟာနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
သုခဒံ-ချမ်းသာကို ပေးစွမ်းနိုင်သော မြတ်စွာဘုရား။
သရဏံ-ကိုးကွယ်အားထားရာဖြစ်သော မြတ်စွာဘုရား။
ဇိနံ-မာရ်ငါးပါးကို အောင်တော်မူသော မြတ်စွာဘုရားကို။
ပဏမာမိ-ရှိခိုးပါ၏။
မင်းဉာဏ်ဝေ
(မြတ်မင်္ဂလာ ၂၀၀၉-ခု ဇူလိုင်လ)
ဘုရားဂုဏ်၏ အစွမ်း
ဒီဂါထာမှာ ဘုရားရှင်၏ အရဟံ အစရှိသော ဂုဏ်တော် ၁၃ ခုကို သီကုံးဖွဲ့စည်းထားသည်၊ ဘုရားရှင်၏ ဂုဏ်တော်ကို လေးလေးနက်နက် အာရုံပြုနိုင်အောင် ရှိခိုးနိုင်အောင် ရှေးဆရာများ သီကုံးထားသည့် ဂါထာတစ်ပုဒ်ဖြစ်သည်။ တကယ်တော့ ဘုရားရှင်ကိုယ်တိုင်က ပါရမီတော်များတွင် ဒါနပရမတ္ထပါရမီတော်ကိုလည်း အထူး ဖြည့်လာခဲ့သည့် ဘုန်းရှင်ကံရှင် ဖြစ်ရကား ဘုန်းကံကြီးမားတော်မူသော ဘုရားရှင်၏ဂုဏ်တော် ပွားသူတိုင်း လိုအင်ဆန္ဒပြည့်ဝသည်၊ သို့သော်လည်း လာဘ်ရဖို့၊ အလိုဆန္ဒတစ်ခု ပြည့်ဝဖို့အတွက်နဲ့တော့ မရွတ်သင့်၊ တကယ့်ကို ရင်ထဲမှာ ဘုရားရှင်၏ ဂုဏ်တော်တွေကို တစ်ခုချင်းစီ အာရုံပြုပြီး ပွားများသင့်သည်၊ ပုတီးစိတ်လိုက စိတ်နိုင်သည်၊ ဘုရားရှိခိုးဂါထာဖြစ်သည်အတွက် အကြိမ်များစွာ ဘုရားရှိခိုးနိုင်သည်၊ စိတ်သည် ဘုရားရှင်၏တန်ခိုး အဖုံဖုံ ဂုဏ်တော်အမျိုးမျိုးတို့ဖြင့် ထုံမွမ်းလျှင် အစွမ်းသတ္တိရှိလာနိုင်သည်၊ထိုသို့ပွားများသည့် အခါတိုင်းမှာ-၁။ အကြိမ်များစွာ (စိရကာလ ဘာဝနာ) ပွားများပါ၊
၂။ နေ့စဉ်အဆက်မပြတ် (နိရန္တရ ဘာဝနာ) ပွားများပါ၊
၃။ အသေးအမွှားပဲဟု ချန်မထားဘဲ အကြွင်းအကျန်မရှိ အကုန် (နိရ၀သေသ ဘာဝနာ) ပွားများပါ၊
၎။
ရိုရိုသေသေ လေးလေးနက်နက် (သက္ကစ္စ ဘာဝနာ) ပွားများပါ၊
၅။
ပျော်ပျော်ရွှင်ရွှင် စိတ်စေတနာ ပါပါ (အဘိရတိ ဘာဝနာ) ပွားများပါ။
ဤ ငါးမျိုးသော ပွားများခြင်းနည်းစနစ်က ဘုရားလောင်း ပါရမီဖြည့်ခဲ့သော နည်းစနစ်ဖြစ်သည်၊ လောကုတ္တရာလိုင်းပဲ ဖြစ်ဖြစ် လောကီရေးရာပဲ ဖြစ်ဖြစ် ဘာပဲလုပ်လုပ် ထို နည်းငါးမျိုးနဲ့ အလုပ်လုပ်ပါက အောင်မြင်ပါလိမ့်မည်။ ဗုဒ္ဓဘာသာ ကလေးတစ်ယောက်က “နမော ဗုဒ္ဓဿ”         ဟု  ဆိုပြီးမှ ပေးဒိုးလိမ့်ကစားသတဲ့၊ ထိုသို့ ကစားတိုင်းလဲ သူပဲ အနိုင်ရသည်တဲ့၊ ဘုရားလက်ထက်က တကယ့်ဖြစ်ရက်မှန် ဇာတ်လမ်းတစ်ပုဒ် ဖြစ်သည်။
အပါဒါနပါဠိတော်-၁-နှာ-၇၆မှာ ဂါထာလေးတစ်ပုဒ်တွေ့တယ်၊ ဘာဝနာတွေထဲက အကောင်းဆုံး ဘာဝနာဖြစ်တဲ့ ဘုရားဂုဏ်တော်တွေကို ပွားများခြင်းဆိုတဲ့ ဘာဝနာ (ဗုဒ္ဓါနုဿတိ)ကို အထက်ပါနည်းစနစ်အတိုင်း ပွားများပါက လိုအင်ဆန္ဒပြည့်ပါလိမ့်မည်၊ လို-တ-ရ ဖြစ်ပါလိမ့်မည်။
ဘာဝေဟိ ဗုဒ္ဓါနုဿ       တိံ၊  ဘာဝနာ န မနုတ္တရံ။ ဣမံ သတိံ ဘာဝယိတွာ၊ ပူရယိဿ      တိ   မာနသံ။
ထို့ကြောင့် ဘုရားဂုဏ်တော်များကို ဘယ်ဂုဏ်တော်ပဲ ဖြစ်ဖြစ် ဘုရားဂုဏ်တော်နဲ့ပတ်သက်တဲ့ ဘယ်ဂါထာပဲ ဖြစ်ဖြစ် စွဲစွဲမြဲမြဲ နေ့စဉ် ရွတ်ပွား အာရုံပြုနေဖို့ပဲ ဖြစ်ပါသည်၊ အနဲဆုံး လက်တွေ့အနေနဲ့ စိတ်တည်ငြိမ်ပြီး စိတ်ချမ်းသာပါလိမ့်မည်။ ရချင်လိုချင်မှ ထပွားတာမျိုးကတော့ “အခု ရေတွင်းတူး အခု ရေသောက်” ဆိုတာလိုကတော့ ဘယ်ဖြစ်မလဲ၊ ဘာမှ ဖြစ်လာမှ မဟုတ်၊ ၀ိသာခါကျောင်းအမကြီးကတော့ ခလုပ်တိုက်မိတိုင်းတောင် “န မော တဿ      ဘဂ၀တော” စသည်ဖြင့် ဘုရားကို ရှိခိုးပြီးသားဖြစ်သွားသည်၊ ဘုရားဂုဏ်တော်ကို အမြဲပွား အမြဲသတိရနေသူတို့၏ အကျင့်ဖြစ်သွားသည်။ ခလုပ်တိုက်မိမှ အမိတ ဆိုတာမျိုးမဖြစ်စေဘဲ နဂိုကထဲက ကိုယ့်သဒ္ဓါ ကိုယ့်စေတနာ အလျောက် ပွားများရမှာ ဖြစ်ပါသည်။ တချို့က အခုလုပ် အခုဖြစ်ဆိုတာမျိုးကိုပဲ လိုချင်သည်၊ အလိုကြီးသည် ဆိုရမည်။
ဘယ်အရာမှ လွယ်လွယ်နဲ့ ရသည်မရှိ။ ရသည့်အရာလဲ တန်ဖိုးရှိလိမ့်မည် မဟုတ်။ ကိုယ်စောင့်တရား လေးပါး ဗုဒ္ဓဂုဏ်တော် (ဗုဒ္ဓါနုဿ     တိ  ) ကို မိမိကိုယ်ကို ကာကွယ်စောင့်ရှောက်တတ်သော ကိုယ်စောင့်တရားအနေနဲ့လဲ ပွားများဖို့ရန် ရှေးဆရာတို့ လက်ဆင့်ကမ်း မိန့်ခဲ့သည်။
ထို ကိုယ်စောင့်တရား လေးပါးကား
၁။ ဗုဒ္ဓါနုဿ      တိ=ဘုရားဂုဏ်တော်များကို အားရုံပြု ပွားများခြင်း
၂။ မေတ္တာဘာဝနာ= မေတ္တာ ပို့သခြင်း
၃။ အသုဘဘာဝနာ= လောဘ-မာန-ရာဂ ကင်းရေးအတွက် အသုဘပွားများခြင်း
၎။ မရဏဿ      တိ = သေခြင်းတရားကို အဖန်ဖန် အမှတ်ရခြင်းဖြင့် ဒေါသ-မာနစသည့် အကုသိုလ်စိတ်များကင်းခြင်း၊ ဘ၀အတွက် အဆင်သင့်ဖြစ်နေခြင်း စသည်အားဖြင့်
ထိုတရား လေးပါးကို နေ့စဉ် ပွားများနေပါက မိမိအတွက် စိတ်ဓာတ်ကျခြင်း၊ စိတ်ပူပန်ရခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ အန္တရာယ်တွေ အပြင် အခြားသော ဘေးဥပါဒ်တွေကို ငြိမ်းအေးစေနိုင်သည်။ ဗုဒ္ဓါနုဿတိသည် ကမ္မဋ္ဌာန်းတရား အားထုတ်သူတွေအတွက် အာရုံကောင်းတစ်ခုလဲ ဖြစ်သည်။ အပ္ပမာဒ (သတိ)အတွက် အကောင်းဆုံး တရားလဲဖြစ်သည်။
“ဘုရားဖက်တော့ အသက်ရှည် တရားဖက်တော့ အမြတ်ပြေ သံဃာဖက်တော့ အခက်ဝေ”တဲ့။
ဘုရာဖက်၍ အန္တရာယ်ကင်း ဘေးရှင်းကြပါစေ။
တရားဖက်၍ စိတ်ချမ်းသာ အမျက်ပြေကြပါစေ။ သံဃာဖက်၍ အခက်ဝေ တိုးတက် ကြီးပွားကြပါစေ။
လာဘ်ရွှင်ချင်သလား၊ အသက်ရှည်ချင်သလား၊ စိတ်ချမ်းသာချင်သလား၊ စိတ်အကြံတိုင်းအောင် မြင်ချင်သလား၊ ဘုရားဂုဏ်တော်များကို စွဲစွဲမြဲမြဲ ပွားများလေ။
ရွှင်လန်းချမ်းမြေ့ပါစေ သီတဂူစတား
၂၉-၈-၂၀၁၂