Monday

ဖားနတ်သား ဝတ္ထု



ဖားနတ်သား ဝတ္ထု
(စန်းသမိန် ရေးသည့် လူတိုင်းအတွက် ဗုဒ္ဓဂုဏ်တော်ပွားနည်း နှင့် အစွမ်းထက်ဂါထာတော်များ)

မြတ်စွာဘုရားသည် စမ္ပာပြည်သူ ပြည်သားတို့အား ဂဂ္ဂရာရေကန်အနီး တရားဟောတော်မူစဉ် ဖားငယ်တစ်ခုသည် တရားသံကို အာရုံပြုနေစဉ် နွားကျောင်းသားတစ်ဦး၏ တုတ်ထောက်မိမှုကြောင့် သေရလေသည်။

တရားတော်၌ အာရုံရောက်ရင်း သေရသဖြင့် တာဝတိံသာ နတ်ပြည်တွင် ရွှေဗိမာန်နှင့် နတ်သား ဖြစ်လေသည်။
နတ်သားသည် ဖားဘဝကို သတိရ၍ ဘုရားရှင်ထံသို့ ထိုအကြောင်းကို ဗိမာန်နှင့်တကွ လာရောက်လျှောက်ထားခဲ့ပါသည်။
တိရစ္ဆာန်ပင် တရားတော်ကို အာရုံပြုရင်း သေဆုံးရာ၊ နတ်ပြည်ရောက်ရသဖြင့် လူ့ဘဝရောက်သူတို့မှာ တရားကို နှလုံး၌ အမြဲမွေ့လျော်ရန် အရေးကြီးပါသည်။

ကုသိုလ် (၅)မျိုး စီးပွားတိုး



ကုသိုလ် (၅)မျိုး စီးပွားတိုး

သင့်ကံ ဆိုးနေသလား။ ဒါမှမဟုတ် သိပ်ကံကောင်း နေတယ်လို့ ထင်လား။ ဒါမှမဟုတ် ကံကောင်းတယ်လဲ မဟုတ် ကံဆိုးတယ်လဲ မဟုတ်ပါဘူးလို့ သတ်မှတ်ထားသလား။ ဘယ်လိုဖြစ်နေနေ မပင်မပန်း ချမ်းချမ်းသာသာလေး ကုသိုလ် ၅မျိုးကို ဆောင်ရွက်ရင်
တစ်ဘတာ ကံကောင်းသောသူ၊ နောက်ဘပေါင်းများစွာ ကံကောင်းသောသူ ဖြစ်နိုင်အောင် ကံကိုပြင်လိုက်ပါ။

၁။
သဘ ၏ သာမန်ဘ

သီဟိုဠ်ရာဇ၀င်မှာ သဘမင်း ဆိုတာ ရှိခဲ့ဖူးးပါတယ်။ မင်းမဖြစ်ခင် သာမန်လူတစ်ယောက်တုန်းက ဦးရီးတော် စစ်သူကြီးဆီမှာ နေရပါတယ်။ ဒီလိုနဲ့တစ်နေ့မှာ ဟူးရား ပညာရှိတွေက သဘ အမည်ရှိတဲ့ သူဟာ မင်းဖြစ်လိမ့်မယ်လို့ ဟောပြောလာကြပါတယ်။ ဒီစကားကြားတော့ လက်ရှိ မင်းလုပ်နေတဲ့ ယသဠာလက မင်းက သီဟိုဠ်ကျွန်းမှာ သဘ အမည်ရတဲ့ သူအားလုံးကို သတ်စေလို့ မိန့် ပါတော့တယ်။

၂။ အသက်ဘေးက လွတ်ပြီ

ဒီတော့ စစ်သူကြီးက သူ့ဆီမှာ နေနေတဲ့ သဘကို မင်းဆီအပ်ဖို့ မိန်းမလုပ်သူကို ပြောပါတယ်။ သူရာထူး တိုးချင်တာလည်း ပါမှာပေါ့။ နံနက်စောစောရောက်တော့ စစ်သူကြီးက သဘကို အသာခေါ်ပြီး နန်းတော်ကို ထွက်ခဲ့ပါတယ်။ သဘကို သတ်ဖို့ ခေါ်သွားတာဆိုတာကို သိတဲ့ စစ်သူကြီးကတော်က ကွမ်းအလွန်ကြိုက်တဲ့စစ်သူကြီးအတွက် ထုံးမပါတဲ့ ကွမ်းကို ထည့်ပေးလိုက်ပါတယ်။
စစ်သူကြီး နန်းတောတံခါးရောက်လို့ ကွမ်းစားမယ် လုပ်တော့ ထုံးပါမလာတာတွေ့ပြီး သဘကို အိမ်ပြန် ထုံးယူစေပါတယ်။ သဘ က အိမ်ရောက်တော့စစ်သူကြီးကတော်က သူ့အကြံအစည် အတိုင်း ဖြစ်လာလို့ ၀မ်းသာအားရနဲ့ - ”ဝသဘ၊ သင့်ဦးကြီးက သင့်ကို မင်းကြီးဆီအပ်ပြီး သတ်မှရော့အသပြာတစ်ထောင်ယူပြီး လွတ်ရာကို ပြေးပေတော့ ” - ဆိုပြီး ထွက်ပြေးခိုင်းလိုက်ပါတော့တယ်။

၃။ စစ်သည်စုရုံးပြီ

သဘလည်း မင်းနဲ့ေးတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ပုန်းနေပါတယ်။ ရဟန်းတော်တွေကလည်း သူ့ကို ကြည့်ရှု ထားပါတယ်။ ဒီလိုနေရင်းနဲ့ တစ်နေ့မှာ ပညာရှိလူတစ်ယောက်က သဘရဲ့ ဇာတာကို ကြည့်ပြီး - ” သင် မင်းဖြစ်လိမ့်မယ် ” - လို့ ဟောလိုက်ပါတယ်။ ဒီစကားကြားတော့ သဘဟာ မ်းမြောက်စွာနဲ့ပဲ ရဲရင့်သတ္တိရှိတဲ့ နောက်လိုက် ယောက်ျားတွေကို စုရုံပါတယ်။ အတော်အတန် စုမိတော့ - ”မုန့်သည်မသားသည် မုန့်အနားကစ၍ စားရသည်” - ဆိုတဲ့ ရှေးထုံးကို နှလုံးမူပြီး မြို့စွန်ရွာစွန် ကစပြီး သိမ်းပါတယ်။ လိုရင်းပြောရရင်တော့ နောက်ဆုံးမှသဘ မင်းဖြစ်သွားတယ်ပဲဆိုပါတော့။

၎။ နန်းစံသက်
နန်းစံသက်ကို တွက်ချက်ခိုင်းတော့
သဘမင်းဖြစ်လာတော့ ဟူးရားပညာတွေကို ဆိတ်ကွယ်ရာခေါ်ပြီး သူ ဘယ်နှနှစ်လောက် နန်းစံရမလဲ ဆိုပြီး တွက်ခိုင်း ပါတော့ တယ်။ ဟူးရားပညာရှိတွေက တွက်ချက်ပြီး - ”၁၂နှစ်နန်းစံရမယ်” - လို့ ဟောလိုက်ပါတယ်။ သဘမင်းက ဟူးရားပညာရှိတွေကို အသပြာ ၁ထောင်စီပေးပြီး သည်အကြောင်း ဘယ်သူ့မှမပြောနဲ့ဆိုပြီး ပြန်လွှတ်လိုက်ပါတယ်။

၅။ ကုသိုလ်တွေ ပြုပြီ

အဲဒီနောက် သဘမင်းဟာ ရဟန်းသံဃာတော်တွေဆီ ဆည်းကပ်ပြီး -  အရှင်ဘုရားတို့၊ မင်းသက် ရှည်ရာရှည်ကြောင်း ကုသိုလ်ကောင်းမှုများ မရှိဘူးလားဘုရား” - လို့ လျှောက်ထားပါတယ်။ ဒီတော့သံဃာတော်တွေက - ” ဝသဘမင်းမြတ် ၊
၁။ ရေစစ်လှူ ပါ။
၂။ နာမကျန်းဖြစ်နေတဲ့ ရဟန်းတွေကို ဆေးလှူ ပါ။
၃။ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ ကျောင်းဟောင်း၊စေတီဟောင်းတွေကို ပြုပြင်ပါ။
၎။ ငါးပါးသီလကို နေ့စဉ်စောင့်ထိန်းပါ။
၅။ ၈ရက်ဥပုသ်၊ ၁၅ရက်ဥပုသ်နေ့တိုင်း ၈ပါးသီလ၊ ၉ပါးသီလကို စောင့်ထိမ်းပါ။
မင်းသက်ရှည်လိမ့်မယ်  - လို့ မိန့်လိုက်ပါတယ်။
သဘမင်းလည်း ရဟန်းတော်တွေလမ်းညွှန်တဲ့အတိုင်း ကောင်းမှုတွေ ပြုပါတယ်။

စာထဲမှာတော့ သဘ မင်းပြုတဲ့ ကုသိုလ်တွေ ကောင်းမှုတွေ အများကြီးပဲ ပြထားတယ်။
(စာရှည် နေမှာစိုးလို့ ရေးမပြတော့ဘူး။)

လိုရင်းပြော ရရင်တော့ သဘမင်းဟာ (၁၂ နှစ်သာ နန်းစံရမဲ့အစား) (၄၄) နှစ် နန်းစံခဲ့ရပါတယ်။

၆။ အတိတ်ကံ နဲ့ ပစ္စုပ္ပန်ကံ

ဒီ တ္ထုမှာ အဓိက ပြောချင်တာကတော့ သဘမင်းဟာ အတိတ်ကံအရ ၁၂နှစ်သာနန်းစံရမှာပါ။ ဒါပေမဲ့ အတိတ်ကံကို ပစ္စုပ္ပန်ကံနဲ့ ပြုပြင်ယူလိုက်တော့ ၄၄-နှစ်တောင် နန်းစံခ့ ရပါတယ်။ အပိုကြေးအနေနဲ့ ၃၂နှစ် နန်းစံသက်ပိုရခဲ့ပါတယ်။ သဘ မင်းပြုခဲ့တဲ့ ကုသိုလ် ခြောက်မျိုးက အသက်ရှည်ကြောင်း ကုသိုလ်တွေပါ။ သူ့အနေနဲ့ကတော့ နန်းသက်ရှည်ကြောင်း သီးခြားကုသိုလ်တွေပေါ့။
အဲဒီကုသိုလ်-၆မျိုးကို အောက်ပါ လင်္ကာလေးနဲ့ တွဲမှတ်ထားလိုက်ပါဦး။
ဗဟုသုတ အဖြစ်ပေါ့။
ရေစစ်၊ ဆေး၊ ကျောင်း၊ ဘုရားဟောင်းပြုပြင်

ပဉ္စင်၊ အဋ္ဌ သီလ ဖြူ စင် ၊သက်ရှည်ကြောင်းစု
ေေေေေ
 ကောင်းမှု  ၆-အင် အခွင့်စိုက် ပြုလိုက် ထာဝစဉ်။


သဘမင်းကတော့ သူနဲ့အသုံးတည့်မယ အသက်ရှည်ကြောင်းကုသိုလ်တွေကို ရွေးပြုပြီး သူ့ကံသူ ပြုပြင်သွားတာပါ။

၇။ သင်နှင့် ကောင်းကံဆိုးကံ
အခု စာဖတ်သူတွေ ကတော့ တခြားသော ဘဝ လိုအပ်ချက်တွေ တခြားသော အဆင်မပြေမှုတွေရှိနေနိုင်ပါတယ်။
လူမှုရေးနဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။
စီးပွားရေးနဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။
ကျန်းမာရေးနဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။
ပညာရေးနဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။
ရာထူးဌာနန္တရနဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။
နိုင်ငံခြားခရီးနဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။
ကြိုက်သလောက် ကံဆိုးနေပါစေ။ နောက်ဆုံး သေချင်လောက်အောင် အထိ ကံဆိုးနေစမ်းပါစေ။ သဘမင်းဝတ္ထုကို အာရုံပြုပြီး ဆိုးနေတဲ့ကံကို စိတ်ကြိုက်ပြုပြင်ယူလို့ရတယ်ဆိုတဲ့ အသိလေးကိုပဲ အာရုံပြုပစ်လိုက်စမ်းပါ။

၈။ ဘယ်လိုပြုပြင်မလ
ဲ၊ အဲဒီတော့ ဘယ်လိုပြုပြင်ယူမလဲ

အဲဒီ သေချင်လောက်အောင်ထိ ဆိုးနေတဲ့ကံကို ကုသိုလ် ၅-မျိုးနဲ့ ပြုပြင်ယူလို့ ရပါတယ်။ တိုက်တွန်းစကားအနေနဲ့ ပြောရရင်တော့ သေချင်လောက်အောင် ဆိုးနေတဲ့ကံကို ကုသိုလ် ၅မျိုးနဲ့ နေ့စဉ်ပြုပြင် ပစ်လိုက်စမ်းပါ။ ဆိုးနေတဲ့ကံနင်နေ ငါသွားဖြစ်သွား ပါလိမ့်မယ်။
အဲဒီကုသိုလ် ၅မျိုးကတော့
၁။ ဒါန
၂။ သီလ
၃။ ဂုဏ်တော်
၎။ မေတ္တာ
၅။
ဝိပဿ     နာ
တို့ ဖြစ်ပါတယ်။အဲဒီကုသိုလ် ၅မျိုးကို နေ့စဉ် ဖြစ်စေရမယ်လို့ အဓိဋ္ဌာန်ပြီး နေ့စဉ် ပြုလုပ်သွားဖို့ပါပဲ။

၉။ ငါးမျိုးကုသိုလ် ဘယ်လိုပြုရမယ်
၉-၁။ ဒါန
ပထမဆုံးကုသိုလ်က ဒါန ပါ။ ဒါနဆိုတဲ့နေရာမှာ ရှင်၁သောင်းပြုပေးနိုင်မှ ကျောင်းကြီးတွေ ဆောက်လုပ်လှူဒါန်းနိုင်မှ ဒါန မဟုတ်ပါဘူး။ အိမ်မှာရှိတဲ့ဘုရားကို ရေချမ်းကပ်လိုက်မယ်ဆိုလည်း ဒါန ဖြစ်သွားတာပါပဲ။ နောက် ကိုယ်ထမင်းချက်မယ့် ဆန်ထဲက လက်တစ်ဆုတ်စာလောက်နှိုက်ပြီး အိမ်ရှေ့က စာကလေးတွေ ခိုကလေးတွေကို ပစ်ကျွေးလိုက်မယ်ဆိုရင်လည်း ဒါနဖြစ်သွားတာပါပဲ။
ဆန်လက်တစ်ဆုတ်လောက်နဲ့တော့ မိသားစုထမင်းဝိုင်းကို သိပ်ပြီးလည်းမထိခိုက်စေပါဘူး။ နေ့စဉ် လက်တစ်ဆုတ်စာလောက် စာကလေးတွေကို ကျွေးနေမယ်ဆိုရင်လည်း ကိုယ့်န် ကိုယ့်အားနဲ့ မျှတဲ့ ဒါန ဖြစ်နေတာပါ။
၉-၂။ သီလ
ဒုတိယက သီလ ပါ။ သီလမှာလည်း လောကီထဲမှာနေတဲ့ လူတစ်ယောက်အတွက် ငါးပါးသီလလောက် လုံခြုံအောင် စောင့်ထိန်း လိုက်နိုင်တယ်ဆိုရင်ပဲ တော်တော် လုံလောက်နေပါပြီ။ တစ်ဆင့်တက်ပြီး ဥပုသ်နေ့တွေမှာ ၈ပါးသီလ၊ ၉ပါးသီလကို စောင့်ထိန်းနိုင်ရင်တော့ အကောင်းဆုံးပေါ့။ သီလကို စောင့်ရှောက်တဲ့အတွက် သီလကလည်း ကိုယ့်ကို သူ့သတ္တိအားလျော်စွာ ပြန်စောင့်ရှောက်ပါလိမ့်မယ်။
၉-၃။ ဂုဏ်တော်
တတိယက ဂုဏ်တော်ပါ။ ဂုဏ်တော် ()ပါးထဲက ကိုယ်နှစ်သက်ရာ တစ်ခုခုကို ပွားလို့ရပါတယ်။
အရဟံဂုဏ်တော်ကိုပဲ -
အရဟံ = ပူဇော်အထူးကို ခံယူထိုက်သော မြတ်စွာဘုရား
အရဟံ = ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား
အရဟံ = ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား - လို့ ပွားများရပါတယ်။
အရဟံ ဆိုတဲ့ ပါဠိလေးရယ်။ အရဟံရဲ့ နောက်က အနက်သုံးမျိုးရယ်က ပွားလို့ဆင်ခြင်လို့ သိပ်ကောင်းတဲ့ ပါဠိနဲ့အနက်လေးတွေပါ။
ဂုဏ်တော်ပွားတဲ့အတွက် ဂုဏ်တော်က သူ့သတ္တိအားလျော်စွာ ပြန်စောင့်ရှောက်နေပါလိမ့်မယ်။
၉-၄။ မေတ္တာ
စတုတ္ထက မေတ္တာပါ။ မေတ္တာပွားတဲ့နေရာမှာ ပွားနည်းတွေကတော့ သီသန့်အကျယ်ကို
ရှိပါတယ်။ စာရေးသူရဲ့ မေတ္တာအတွေးများ စာအုပ်မှာလည်း ပွားပုံ ပြည့်ပြည့်စုံစုံ ရေးပြထားပါတယ်။
မေတ္တာပွားတဲ့ နေရာမှာ အဓိကအကြံပေးချင်တာတော့ ပထမ ကိုယ့်အပေါ်ကျေးဇူးရှိတဲ့
ကျေးဇူးများတဲ့ လူပုဂ္ဂိုလ်အားလုံးကို တစ်ယောက်ချင်းကုန်အောင်ပွားပါ။ ပြီးရင် နတ်ကောင်းနတ်မြတ်တွေ၊
ကိုယ်စောင့်နတ်အိမ်စောင့်နတ်ကစပြီး၊ လမ်းမြို့နယ်၊ မြို့၊ နိုင်ငံကိုစောင့်ရှောက်နေကြသော နတ်ကောင်း နတ်မြတ်တွေ အားလုံး ကိုယ်ဆင်းရဲစိတ်ဆင်းရဲ ကင်းပါစေ၊ အစစအရာရာ အဆင်ပြေ ပါေ
စ - စသည်ဖြင့် ပေါ့လေ။
၉-၅။ ဝိပဿ     နာ
နောက်ဆုံးက 
ဝိပဿ     နာပါ။ ဝိပဿ     နာကတော့ ကိုယ်အားထုတ်ဖူးရာ-ကိုယ်သန်ရာ သန်ရာကိုယ့် အာစရိယ ဝါဒအတိုင်း မှတ်ယူလို့ ရပါတယ်။
(မည်သည့် တရားစခန်း မည်သည့် အာစရိယ၀ါဒမျှ သင်ကြားထားခြင်းမရှိသူများအဖို့ အစပိုင်းတွင် တင်ပလ္လင်ခွေ (ထက်ဝယ်ဖွဲ့ခွေ) ထိုင်၊ ဘယ်လက်ပေါ် ညာလက်ထပ်တင်၊ ခါး-လည်ပင်း-ဦးခေါင်းကို မတ်မတ်ထား၊ အသက်ကိုပုံမှန်ရှူလျှက် င်လေင်လာလျှင် င်လာသည်ဟု သိပေး၊ ထွက်လေ ထွက်သွားရင်ထွက်သွားသည်ဟု သိပေးခြင်းဖြင့် မိမိစိတ်ကို ထိုထိုနှာသီးသို့သာ
စူးစိုက်ရောက်ရှိစေရန် ပဏာမ လေ့ကျင့်ကြလျှက်
()ရက်စခန်း၊ (၁၀)ရက်စခန်းစသည်တို့ကို ၀င်ရောက်နိုင်ရန် တိုး၍ ကြိုးစား ကြသင့်ပေသည်။)

၁၀။ ကုသိုလ်-၅မျိုး တစ်နေ့တာ

ကဲ စာဖတ်သူ၊ စိတ်ကူးနဲ့ပဲ ကုသိုလ်၅မျိုးကို စမ်းကြည့်ရအောင်ပါ။
၁၀-၁။ အိပ်ရာထ
မနက် အိပ်ရာကထတာနဲ့ ကိုယ်လက်သန့်စင်ပြီး မိသားစုကိစ္စတွေကို ဘာမှမလုပ်နဲ့ဦး။ ဘုရားခန်းကို အရင်သွားပါ။
- ဘုရားသောက်တော်ရေကိုအရင်ကပ်ပါ။ (ဒါန)
- ကပ်ပြီးရင် ၅ပါးသီလ ခံယူပါ။ (သီလ)
- အဲဒါပြီးရင် ဂုဏ်တော်ကို ၅-မိနစ် (ဂုဏ်တော်)
- မေတ္တာကို ၅-မိနစ် ပွားပါ။ (မေတ္တာ)
- ပြီးရင်
ဝိပဿ     နာ ၅-မိနစ် ပွားများပါ။ (ဝိပဿ     နာ)
အင်မတန် နည်းပါးတဲ့ ၁၅မိနစ်အချိန်လောက်တော့ လူတိုင်း လုပ်နိုင်လောက်မယ်ထင်ပါတယ်။ (၅)မိနစ်စီ ဆိုသည်မှာ အနည်းဆုံးပြုရန် အချိန်ကိုဆိုလိုခြင်းဖြစ်ပြီး မိမိတို့၏ခွန်အားအလိုက် သဒ္ဓါတရားအလိုက် ၁၀မိနစ်စီ၊ နာရီဝက်စီ၊ တစ်နာရီစီ စသည်ဖြင့် အဓိဋ္ဌာန်ပြုနေ့တစ်နေ့တာရဲ့အစကို ကုသိုလ်၅မျိုးနဲ့စလိုက်တာ ဘယ်လောက် ကျက်သရေရှိသွားလဲ။ အိပ်ရာထပြီး နာရီက် ၁နာရီအတွင်းမှာပဲ ကုသိုလ်၅မျိုးရနေပါပြီ။ အဲဒီ ကုသိုလ် ၅မျိုးပြုပြီးမှ မိသားစုကိစ္စ၊ ကိုယ့်ကိစ္စယျောစ္စတွေကို ပြုလုပ်ပါ။
၁၀-၂။ နေ့လည်
အဲဒီလိုနဲ့မနက်စာစားပြီးတဲ့အခါ ဆန်လက်တစ်ဆုတ်စာယူပြီး ခြံရှေ့မှာငှက်ကလေးတွေအတွက် ပက်ကျွေးလိုက်ပါဦး။ ကျွေးပြီးသွားရင် အဆစ်အနေနဲ့ - ”ဒီနေ့ မနက် ပြုဖြစ်ခဲ့တဲ့ ကုသိုလ်၅မျိုးကိုလည်း အမျှ ပေးဝေပါတယ်။ အမျှ အမျှ အမျှ ယူတော်မူကြပါ။ သာဓု၊ သာဓု၊ သာဓု” - ဆိုပြီး နတ်ကောင်းနတ်မြတ်များနဲ့တကွ နေယျအပေါင်းကို
အမျှပေးဝေလိုက်ပါဦး။
၁၀-၃။ ညပိုင်း
တတ်နိုင်တယ်။ အချိန်ရတယ်။ သဒ္ဓါတရားလဲထက်သန်လာတယ် ဆိုရင်ညပိုင်း ကိုးရီးယားကားလေးမလာခင်၊ ဒါမှမဟုတ်ကိုးရီးယားကားလေးပြီးသွားတဲ့အခါ ကုသိုလ်ငါးမျိုးကိုမနက်ကအတိုင်းတစ်ကြိမ်ထပ်လုပ်လိုက်ပါဦး။

၁၁။ နေ့စဉ်ပြုအပ်သည်

ဒီအတိုင်းသာ နေ့စဉ်ပြုသွားစမ်းပါ။ ဆိုးနေတဲ့ကံဟာ တောင်းပန်ပြီး ထွက်သွားဦးမှာပါ။
ဒါပေမဲ့ ဒီနေ့လုပ်နက်ဖြန်ဖြစ် ဆိုတဲ့ပုံစံမျိုးတော့ ဘယ်ဖြစ်နိုင်မှာလဲ။
တစ်လတန်သည် တစ်နှစ်တန်သည်တော့ စွဲလုပ်ရပါမယ်။ ရက်မပျက်အောင် အဓိဋ္ဌာန်ပြု၍လုပ်ရပါမယ်။ အကုသိုလ်ဆိုတဲ့ အင်အားက ကြီးလွန်းနေရင်တော့ ချက်ခြင်းကြီးရနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကုသိုလ် အင်အား ကောင်းလာတာနဲ့အမျှ ကုသိုလ်အင်အားကို ကြည့်ပြီး လန့်ပြေးသွားမှာပါ။ ဒါကကံဆိုးနေတဲ့သူတွေကို ပြောတာပါ။ ကံကောင်းနေတဲ့သူတွေအတွက်လည်း အမြဲတမ်း ကံကောင်းနေအောင် ကုသိုလ်()မျိုး
နဲ့ အမြဲပြုစု စောင့်ရှောက်နေသင့်ပါတယ်။ ဒီကုသိုလ်၅မျိုးနဲ့ ကံကောင်းအောင် လုပ်နေတဲ့အတွက် ဒုတိယဘ၊ တတိယဘစသည်တွေမှာလည်း ဆက်ပြီး ကံကောင်းနေဦးမှာပါ။

၁၂။ ဒုက္ခကြံ
ရင် သစ္စာဆို

ဒီကုသိုလ် ၅မျိုးကို ကံကောင်းခြင်း၊ ကံဆိုးခြင်းကြောင့် မဟုတ်ဘဲ နေ့စဉ်တ်တစ်ခု အနေနဲ့ ပြုရပါမယ်။ အဲဒီလို ပြုနေစဉ် အတွင်းမှာပဲ ဘအခက်အခဲ တစ်ခုကြုံလာမယ်၊ ဒါဆို ကိုယ်ပြုတဲ့ ကုသိုလ်၅မျိုးကို နေ့စဉ်အမျှပေးနေတဲ့ နတ်ကောင်းနတ်မြတ်တွေကို တိုင်တည်ပြီး သစ္စာဆိုလို့လည်းရပါတယ်။
ကျွန်ုပ်သည် ကုသိုလ်၅မျိုးကို နေ့စဉ်ပြုပြီး၊ နတ်ကောင်းနတ်မြတ်များကိုလည်း နေ့စဉ်
အမျှပေးခေဲ့ပါတယ်။ ဤသစ္စာစကား မှန်ကန်ပါက ယခုတွေ့ကြုံနေရသော အခက်အခဲများ ပြေပျောက် ပါစေသတည်း။ နတ်ကောင်းနတ်မြတ်တို့က ကူညီမစတော်မူပါ ” - စသည်ဖြင့်ပေါ့ေ

၁၃။ သံသရာကပင် ကျွတ်နိုင်ရဲ့ကုသိုလ်
()မျိုး
သံသရာကပင် ကျွတ်နိုင်ရဲ့ကုသိုလ် ()မျိုးထဲမှာ ဝိပဿ     နာလည်း ပါနေတော့ တရားမှတ်ရင် ပါရမီပါခဲ့ရင်တစ်မဂ် တစ်ဖိုလ်မှသည် လေးမဂ်၊ လေးဖိုလ်အထိ တရားထူးတရားမြတ်တွေ ရသွားပြီး သံသရာဝဋ်က ကျွတ်သွားနိုင်ပါသေးတယ်။
ကုသိုလ် ၅မျိုးကို ဘယ်အဆင့်အထိ ပြုရမလဲ ဆိုရင် ညအိပ်ရာင်လို့မှ ဒီနေ့တစ်နေ့တာအတွက် ကုသိုလ် ၅မျိုး မပြုရသေးရင် အိပ်လို့ လုံးဝမပျော်တဲ့ ဆင့်ချက်ခြင်းထလုပ်လိုက်မှ အိပ်ပျော်တယ် အိပ်လို့ရတယ် ဆိုတဲ့အဆင့်ထိ ပြုလုပ်ကြရပါတယ်။
ကဲ ဦးဇင်းတို့ရဲ့ စာဖတ်သူအပေါင်း၊ ကံနဲ့ပတ်သက်လို့သေချင်လောက်အောင် ဆိုးနေပါစေ။
ကုသိုလ် ()မျိုးနဲ့သာ နေ့စဉ် ပြုပြင် လိုက်စမ်းပါ။ မကြာခင်ကံကောင်းလာပါလိမ့်မယ်။


ရေးသားသူ - အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ)
ကျမ်းကိုး - မဟာင်ဝတ္ထု - ကျီးသဲလေးထပ်ဆရာတော်