Wednesday

ဆီမီး ေစတီ ပဌာန္းရက္(၉၀)အဓိဌာန္ (ဆီမီး စေတီ ပဌာန်းရက်(၉၀)အဓိဌာန်)

ဆီမီး ေစတီ ပဌာန္းရက္(၉၀)အဓိဌာန္
မဟာပဌာန္းေရာင္ျခည္ေတာ္ဖြင့္ ဘုရားပင့္ဂါထာေတာ္
၁။နီလာ နီလာ နိစၧရႏၲိ၊
ပီတာ ပီတာ စ ရံသိေယာ။
ေလာဟိတာ ေလာဟိတာ စာဘာ၊
ဩဒါေတာ ဒါတရံသိေယာ။
၂။တမွာ တမွာ စမဥၨိဌာ၊
ပဘာသႏၲိ ပဘႆရာ။
ဧဝံ ဆဗဏၰရံသိ ေသာ၊
ဌာတု ေမ ဘဂဝါ သိေရ။

နတ္ပင့္
၁။သမႏၲာ စကၠဝါေဠသု၊အၾတာဂစၧ ႏၲဳ ေဒဝတာ။
သဒမၼံ မုနိရာဇႆ၊သုဏႏၲဳ သဂၢေမာကၡဒံ။
၂။ဓမၼ ႆ ဝနကာေလာ အယံ ဘဒႏၲာ။

ဆီမီးေစတီပဌာန္းရက္(၉၀)အဓိဌာန္

မိမိရဲ႕ေမြးေန႔ရက္မွစ၍ ( တနဂၤေႏြ၊တနလၤာ၊အဂၤါ) အဓိဌာန္စဝင္ရပါမည္
ေနတိုင္းေန႔လည္၁၂နာရီမထိုးခင္ပဌာန္းပုံမွန္႐ြတ္ရပါမည္။ အခ်ိန္မွန္မ႐ြတ္ႏိုင္လၽွင္ ေန႔မကူးခင္႐ြတ္ရပါမည္။
ေရခ်ိဳးသန္႔ရွင္းစင္ၾကယ္ၿပီး ေယာဂီအၫိုဝမ္းဆက္ဝတ္၍ ႐ြတ္ရပါမည္။ (အေမြးနံသာမိတ္ကပ္မ်ားမလိမ္းပဲ႐ြတ္လၽွင္ပိုေကာင္းပါသည္)
ပဌာန္းမ႐ြတ္မွီမိမိပုံမွန္ဘုရားရွိခိုးသည့္အတိုင္း ရွိခိုးပါ။ ၿပီးလၽွင္ နတ္ေဒဝါမ်ားပင့္ဖိတ္ပါ၊ သစၥာဆိုပါ။
နေမာ တႆ သုံးႀကိမ္႐ြတ္ပါ
(၁)ဆီမီးခြက္မ်ားကိုေစတီပုံေအာက္ေျခမွ စၿပီး မိမိရဲ႕ဘယ္ဘက္ကေန ဇစ္ဇက္ ဆီမီးတခြက္ခ် ေဟတု ပစၥေယာ ေနာက္တခြက္ခ် အာရမၼဏ ပစၥေယာစ တခြက္ၿပီးတခြက္အဝိဂတ ပစၥေယာ အထိ အဆင့္ဆင့္ခ်၍ ႐ြတ္ပါ။
နေမာ တႆ သုံးႀကိမ္ထပ္႐ြတ္ပါ
(၂)ခြက္မ်ားခ်ၿပီးဖေယာင္းတိုင္မ်ားကိုလည္းမိမိရဲ႕ဘယ္ဘက္ကေနဖေယာင္းတိုင္တတိုင္ခ် ေဟတု ပစၥေယာ မွတတိုင္ၿပီးတတိုင္ခ်ၿပီး အဝိဂ ပစၥေယာအထိ ဖေယာင္းတိုင္ခ်ၿပီး႐ြတ္ပါ။
နေမာ တႆ ေနာက္ထပ္သုံးႀကိမ္ထပ္႐ြတ္ပါ
(၃)မိမိရဲ႕ဘယ္ဘက္မွ စ မီးစၫွိၿပီး ေဟတုပစၥေယာ မွစ၍ တခြက္ၿပီးတခြက္ မီးၫွိၿပီး အဝိဂတ ပစၥေယာအထိမီးၫို႐ြတ္ပါ။
ဖေယာင္းတိုင္မီးမကုန္ခင္ပဌာန္းအက်ယ္႐ြတ္ပါ။ (ပိုေကာင္းပါသည္)
အဓိဌာန္သစၥာဆိုပါ၊လိုရာဆုတဆုေတာင္းပါ။
အမၽွေဝပါ။
ပင့္ဖိတ္ထားေသာနတ္ေဒဝါမ်ားအား ျပန္ပို႔ေဆာင္ ဂါထာ႐ြတ္ပါ။ ေမတၱာသုတ္႐ြတ္ပါ။


====================

ဆီမီး စေတီ ပဌာန်းရက်(၉၀)အဓိဌာန်

မဟာပဌာန်းရောင်ခြည်တော်ဖွင့် ဘုရားပင့်ဂါထာတော်
၁။နီလာ နီလာ နိစ္ဆရန္တိ၊
ပီတာ ပီတာ စ ရံသိယော။
လောဟိတာ လောဟိတာ စာဘာ၊
ဩဒါတော ဒါတရံသိယော။
၂။တမှာ တမှာ စမဥ္ဇိဌာ၊
ပဘာသန္တိ ပဘဿရာ။
ဧဝံ ဆဗဏ္ဏရံသိ သော၊
ဌာတု မေ ဘဂဝါ သိရေ။

နတ်ပင့်
၁။သမန္တာ စက္ကဝါဠေသု၊အတြာဂစ္ဆ န္တု ဒေဝတာ။
သဒမ္မံ မုနိရာဇဿ၊သုဏန္တု သဂ္ဂမောက္ခဒံ။
၂။ဓမ္မ ဿ ဝနကာလော အယံ ဘဒန္တာ။

ဆီမီးစေတီပဌာန်းရက်(၉၀)အဓိဌာန်

မိမိရဲ့မွေးနေ့ရက်မှစ၍ ( တနင်္ဂနွေ၊တနင်္လာ၊အင်္ဂါ) အဓိဌာန်စဝင်ရပါမည်
နေတိုင်းနေ့လည်၁၂နာရီမထိုးခင်ပဌာန်းပုံမှန်ရွတ်ရပါမည်။ အချိန်မှန်မရွတ်နိုင်လျှင် နေ့မကူးခင်ရွတ်ရပါမည်။
ရေချိုးသန့်ရှင်းစင်ကြယ်ပြီး ယောဂီအညိုဝမ်းဆက်ဝတ်၍ ရွတ်ရပါမည်။ (အမွေးနံသာမိတ်ကပ်များမလိမ်းပဲရွတ်လျှင်ပိုကောင်းပါသည်)
ပဌာန်းမရွတ်မှီမိမိပုံမှန်ဘုရားရှိခိုးသည့်အတိုင်း ရှိခိုးပါ။ ပြီးလျှင် နတ်ဒေဝါများပင့်ဖိတ်ပါ၊ သစ္စာဆိုပါ။

နမော တဿ သုံးကြိမ်ရွတ်ပါ(၁)ဆီမီးခွက်များကိုစေတီပုံအောက်ခြေမှ စပြီး မိမိရဲ့ဘယ်ဘက်ကနေ ဇစ်ဇက် ဆီမီးတခွက်ချ ဟေတု ပစ္စယော နောက်တခွက်ချ အာရမ္မဏ ပစ္စယောစ တခွက်ပြီးတခွက်အဝိဂတ ပစ္စယော အထိ အဆင့်ဆင့်ချ၍ ရွတ်ပါ။

နမော တဿ သုံးကြိမ်ထပ်ရွတ်ပါ
(၂)ခွက်များချပြီးဖယောင်းတိုင်များကိုလည်းမိမိရဲ့ဘယ်ဘက်ကနေဖယောင်းတိုင်တတိုင်ချ ဟေတု ပစ္စယော မှတတိုင်ပြီးတတိုင်ချပြီး အဝိဂ ပစ္စယောအထိ ဖယောင်းတိုင်ချပြီးရွတ်ပါ။

နမော တဿ နောက်ထပ်သုံးကြိမ်ထပ်ရွတ်ပါ
(၃)မိမိရဲ့ဘယ်ဘက်မှ စ မီးစညှိပြီး ဟေတုပစ္စယော မှစ၍ တခွက်ပြီးတခွက် မီးညှိပြီး အဝိဂတ ပစ္စယောအထိမီးညိုရွတ်ပါ။

ဖယောင်းတိုင်မီးမကုန်ခင်ပဌာန်းအကျယ်ရွတ်ပါ။ (ပိုကောင်းပါသည်)

အဓိဌာန်သစ္စာဆိုပါ၊လိုရာဆုတဆုတောင်းပါ။

အမျှဝေပါ။

ပင့်ဖိတ်ထားသောနတ်ဒေဝါများအား ပြန်ပို့ဆောင် ဂါထာရွတ်ပါ။ မေတ္တာသုတ်ရွတ်ပါ။









Special Thanks to Ayarwady Lumin Facebook (Ma Khin Sabai Oo) https://www.facebook.com/ayarwadylumin/posts/575450882613206


ဆီမီးစေတီပဌာန်း ရက်(၉၀)အဓိဌာန် အဓိဌာန် ဆီမီးစေတီ ပဌာန်းစေတီ ဆီမီးပဌာန်း ရက်၉၀ ရက်ကိုးဆယ် အဓိဌာန် ဆီမီးေစတီပဌာန္း ရက္(၉၀)အဓိဌာန္ အဓိဌာန္ ဆီမီးေစတီ ပဌာန္းေစတီ ဆီမီးပဌာန္း ရက္၉၀ ရက္ကိုးဆယ္ အဓိဌာန္