Sunday

ဓာတ္ႀကီးေလးပါး စြမ္းပကား - ဆြမ္းေတာ္ကပ္နည္း

ဓာတ္ႀကီးေလးပါး စြမ္းပကား (ေရးသားသူ - ဇီဝေအာင္ထြဋ္)
ေရာင္ျပန္မဂၢဇင္း ၂၀၁၀ ခုႏွစ္၊ ဇြန္လ - စာမ်က္ႏွာ ၃၈၃

လူေတြမွာ ဓာတ္ႀကီးေလးပါးႏွင့္ တည္ေဆာက္ဖြဲ႕စည္းထားသည္ဟု မွတ္သားရ၏။
အဆိုပါ ဓာတ္ႀကီးေလးပါးကား ပထဝီ၊ ေတေဇာ၊ အာေပါ၊ ဝါေယာ တို႔ ျဖစ္ေလ၏။ သည္ ဓာတ္ႀကီးေလးပါးမွာ ညီၫြတ္မၽွတဖို႔ လိုေပသည္။ တစ္ပါးပါး ေဖာက္ျပန္ပ်က္စီးပါက ခႏၶာကိုယ္အား အႀကီးအက်ယ္ ဒုကၡေပးမည္သာပင္။ မိမိတို႔အဖို႔ ႐ုပ္ခႏၶာႀကီးတစ္ခု ရလာၿပီဆိုလၽွင္ ေဖာက္ျပန္မႈမရွိရေလေအာင္ အၿမဲလိုသတိထားေနရသည္။ ျပဳျပင္တည့္မတ္စရာတို႔ကို ျပဳျပင္တည့္မတ္ေနရသည္။ သို႔ရာတြင္ ေလာကဓံဟူသည္ အခက္သားကလား၊ ျဖစ္လာလၽွင္ ပ်က္ရမည္က ဓမၼတာျဖစ္ေနသည္။ ထို႔ေၾကာင့္ပင္ ျဖစ္ျပန္၊ ပ်က္ျပန္ ေလာကဓံဟု ဆိုၾကျခင္း ျဖစ္ခ်ိမ့္မည္။
လူတစ္ေယာက္အဖို႔ နာဖ်ားမက်န္းျဖစ္ၿပီဆိုလၽွင္ ခႏၶာကိုယ္အတြင္း ဖြဲ႕စည္းတည္ေထာက္ထားေသာ ဓာတ္ႀကီးေလးပါးအနက္ တစ္ပါးမဟုတ္တစ္ပါး ေဖာက္ျပန္ပ်က္စီးျခင္းေၾကာင့္ ျဖစ္ေပလိမ့္မည္။ အစြမ္းထက္ေသာ ေဆးဝါးမ်ား စားသုံးပါေသာ္လည္း အေၾကာင္းမည္သို႔မၽွမထူး၊ ေဆးမစူး၊ ထိေရာက္မႈမရွိ။ သို႔ဆိုလၽွင္ နာတာရွည္အျဖစ္မ်ိဳးႏွင့္ ဘဝကိုတစ္စတစ္စ အဆုံးသတ္ရေပလိမ့္မည္။ သည့္အတြက္ ထိေရာက္စြာ ကူေထာက္ေပးႏိုင္ေသာ အစြမ္းထက္ ဓာတ္ႀကီးေလးပါး ယၾတာတစ္ခုကို တင္ျပလိုပါသည္။ ဤယၾတာသည္ ေနထိုင္မေကာင္း၍ အိပ္ရာထဲလဲေနေသာ နာတာရွည္ ေဝဒနာရွင္မ်ား၊ ေဆးမတိုးေသာ လူနာမ်ားအတြက္ လြန္စြာမွ အစြမ္းထက္ေသာ ယၾတာျဖစ္ပါသည္။ ဤယၾတာသည္ အလႉယၾတာျဖစ္ပါသည္

ဆြမ္း - အလုပ္ (၂၀)
ေရ - (၁၂) ခြက္
ဖေယာင္းတိုင္ - (၄) တိုင္
ယပ္ - ၆ ခုတို႔ကို ဓာတ္ႀကီးေလးပါး အျဖစ္ သတ္မွတ္ကာ လႉဒါန္းရမည့္ယၾတာျဖစ္ပါသည္။

၁။ တနဂၤေႏြသား လူမမာဆိုပါက စေနေန႔နံနက္ ေစာေစာတြင္ လႉပါ။
၂။ တနလၤာသား - ၾကာသပေတးေန႔ နံနက္ ေစာေစာတြင္ လႉပါ။
၃။ အဂၤါသား - ဗုဒၶဟူးေန႔ နံနက္ ေစာေစာတြင္ လႉပါ။
၄။ ဗုဒၶဟူးသား - အဂၤါေန႔နံနက္ ေစာေစာတြင္ လႉပါ။
၅။ ၾကာသပေတးသား - တနလၤာေန႔ နံနက္ ေစာေစာတြင္ လႉပါ။
၆။ ေသာၾကာသား - ဗုဒၶဟူးေန႔ နံနက္ ေစာေစာတြင္ လႉပါ။
၇။ စေနသား - တနဂၤေႏြေန႔ နံနက္ ေစာေစာတြင္ လႉပါ။

(ဇီဝေအာင္ထြဋ္)

ဓာတ္ႀကီးေလးပါး စြမ္းပကား
ဓာတ္ႀကီးေလးပါး ဆြမ္းေတာ္ကပ္နည္း
ဓာတ္ႀကီးေလးပါး ဆြမ္းကပ္နည္း
=============================


ဓာတ်ကြီးလေးပါး စွမ်းပကား (ရေးသားသူ - ဇီဝအောင်ထွဋ်)
ရောင်ပြန်မဂ္ဂဇင်း ၂၀၁၀ ခုနှစ်၊ ဇွန်လ - စာမျက်နှာ ၃၈၃

လူတွေမှာ ဓာတ်ကြီးလေးပါးနှင့် တည်ဆောက်ဖွဲ့စည်းထားသည်ဟု မှတ်သားရ၏။
အဆိုပါ ဓာတ်ကြီးလေးပါးကား ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော တို့ ဖြစ်လေ၏။ သည် ဓာတ်ကြီးလေးပါးမှာ ညီညွတ်မျှတဖို့ လိုပေသည်။ တစ်ပါးပါး ဖောက်ပြန်ပျက်စီးပါက ခန္ဓာကိုယ်အား အကြီးအကျယ် ဒုက္ခပေးမည်သာပင်။ မိမိတို့အဖို့ ရုပ်ခန္ဓာကြီးတစ်ခု ရလာပြီဆိုလျှင် ဖောက်ပြန်မှုမရှိရလေအောင် အမြဲလိုသတိထားနေရသည်။ ပြုပြင်တည့်မတ်စရာတို့ကို ပြုပြင်တည့်မတ်နေရသည်။ သို့ရာတွင် လောကဓံဟူသည် အခက်သားကလား၊ ဖြစ်လာလျှင် ပျက်ရမည်က ဓမ္မတာဖြစ်နေသည်။ ထို့ကြောင့်ပင် ဖြစ်ပြန်၊ ပျက်ပြန် လောကဓံဟု ဆိုကြခြင်း ဖြစ်ချိမ့်မည်။
လူတစ်ယောက်အဖို့ နာဖျားမကျန်းဖြစ်ပြီဆိုလျှင် ခန္ဓာကိုယ်အတွင်း ဖွဲ့စည်းတည်ထောက်ထားသော ဓာတ်ကြီးလေးပါးအနက် တစ်ပါးမဟုတ်တစ်ပါး ဖောက်ပြန်ပျက်စီးခြင်းကြောင့် ဖြစ်ပေလိမ့်မည်။ အစွမ်းထက်သော ဆေးဝါးများ စားသုံးပါသော်လည်း အကြောင်းမည်သို့မျှမထူး၊ ဆေးမစူး၊ ထိရောက်မှုမရှိ။ သို့ဆိုလျှင် နာတာရှည်အဖြစ်မျိုးနှင့် ဘဝကိုတစ်စတစ်စ အဆုံးသတ်ရပေလိမ့်မည်။ သည့်အတွက် ထိရောက်စွာ ကူထောက်ပေးနိုင်သော အစွမ်းထက် ဓာတ်ကြီးလေးပါး ယတြာတစ်ခုကို တင်ပြလိုပါသည်။ ဤယတြာသည် နေထိုင်မကောင်း၍ အိပ်ရာထဲလဲနေသော နာတာရှည် ဝေဒနာရှင်များ၊ ဆေးမတိုးသော လူနာများအတွက် လွန်စွာမှ အစွမ်းထက်သော ယတြာဖြစ်ပါသည်။ ဤယတြာသည် အလှူယတြာဖြစ်ပါသည်

ဆွမ်း - အလုပ် (၂၀)
ရေ - (၁၂) ခွက်
ဖယောင်းတိုင် - (၄) တိုင်
ယပ် - ၆ ခုတို့ကို ဓာတ်ကြီးလေးပါး အဖြစ် သတ်မှတ်ကာ လှူဒါန်းရမည့်ယတြာဖြစ်ပါသည်။

၁။ တနင်္ဂနွေသား လူမမာဆိုပါက စနေနေ့နံနက် စောစောတွင် လှူပါ။
၂။ တနင်္လာသား - ကြာသပတေးနေ့ နံနက် စောစောတွင် လှူပါ။
၃။ အင်္ဂါသား - ဗုဒ္ဓဟူးနေ့ နံနက် စောစောတွင် လှူပါ။
၄။ ဗုဒ္ဓဟူးသား - အင်္ဂါနေ့နံနက် စောစောတွင် လှူပါ။
၅။ ကြာသပတေးသား - တနင်္လာနေ့ နံနက် စောစောတွင် လှူပါ။
၆။ သောကြာသား - ဗုဒ္ဓဟူးနေ့ နံနက် စောစောတွင် လှူပါ။
၇။ စနေသား - တနင်္ဂနွေနေ့ နံနက် စောစောတွင် လှူပါ။

(ဇီဝအောင်ထွဋ်)

ဓာတ်ကြီးလေးပါး စွမ်းပကား
ဓာတ်ကြီးလေးပါး ဆွမ်းတော်ကပ်နည်း
ဓာတ်ကြီးလေးပါး ဆွမ်းကပ်နည်း