Sunday

ေမတၱာ ၊ ပ႒ာန္း ၊ သမၺဳေဒၶက်င့္စဥ္ေတာ္ အဓိ႒ာန္



ေမတၱာ ၊ ပ႒ာန္း ၊ သမၺဳေဒၶက်င့္စဥ္ေတာ္ အဓိ႒ာန္ (Zaw-Gyi)

ေမတၱာ ၊ ပ႒ာန္း ၊ သမၺဳေဒၶက်င့္စဥ္ေတာ္ အဓိ႒ာန္ကုိ မည္သည့္ေန႔တြင္မဆုိ စတင္ ၀င္ေရာက္ႏုိင္ပါသည္ ။

နံနက္ ( ၉ ) နာရီမွ ( ၁၁ )နာရီအတြင္း အဓိ႒ာန္ ေဆာင္ရြက္ရပါမည္ ။ အဓိ႒ာန္ တစ္ခါ ၀င္လွ်င္ ( ၉ ) ရက္ သတ္မွတ္၍ ၿပီးဆံုး ေအာင္ျမင္ေအာင္ ျပဳလုပ္ရပါမည္ ။

အဓိ႒ာန္ မစမီ ဆြမ္း ၊ ပန္း ၊ ေရခ်မ္း ၊ နံ႔သာတုိင္ ၊ အလင္းတုိင္ တုိ႔ကုိ မိမိ စိတ္တြင္ ၾကည္ညိဳသလို လွဴဒါန္းႏုိင္ပါသည္ ။
ထို႔ေနာက္ ဩကာသ ကန္ေတာ့ခ်ိဳးျဖင့္ ငါးပါးသီလ ခံယူေဆာက္တည္ပါ ။ ဤ ငါးပါးသီလကုိ တစ္ေနကုန္ ေစာင့္ထိန္းရမည္ မဟုတ္ပါ ။ အဓိ႒ာန္ က်င့္စဥ္ေတာ္ျဖင့္ ပူေဇာ္ဆဲ တစ္ထိုင္ အခ်ိန္အတြင္းမွ်သာ ျဖစ္ပါသည္ ။

ပထမ ဦးဆံုးနေမာတႆ ဘဂ၀ေတာ အရဟေတာ သမၼာသမၺဳဒၶႆ သံုးႀကိမ္ ရြတ္ပြားပါ ။

ေမတၱသုတ္ေတာ္ ရြတ္ပြားပါ ။ ၿပီးလွ်င္ အေရွ႕အရပ္သို႔ စၾက၀ဠာ အဆံုးတုိင္ အာ႐ံုညႊတ္၍ ေမတၱသုတ္ေတာ္ကို ရြတ္ပြားပါ ။ ၿပီးလွ်င္
အေရွ႕အရပ္၌ ရွိၾကကုန္ေသာ အနႏၲစၾက၀ဠာ ၊ အနႏၲသတၱ၀ါတုိ႔သည္ ေမတၱသုတ္ေတာ္၏ ဂုဏ္တန္ခုိးေၾကာင့္ ဆင္းရဲခပ္သိမ္း ၊ ေဘးရန္ခပ္သိမ္း ၊ ဒုကၡခပ္သိမ္း ၊ ေၾကာင့္ၾကခပ္သိမ္း ကင္းၿငိမ္းၾက၍ ကုိယ္စိတ္ႏွစ္ျဖာ က်န္းမာ၍ ခ်မ္းသာၾကပါေစ ။ တပည့္ေတာ္လည္း ထုိ႔အတူ ျဖစ္ရပါေစ ဟု ဆုေတာင္းပါ ။

ထို႔ေနာက္ အေနာက္အရပ္ ၊ ေတာင္အရပ္ ၊ ေျမာက္အရပ္ ၊
အေရွ႕ေျမာက္အရပ္ ၊ အေနာက္ေတာင္အရပ္ ၊ အေရွ႕ေတာင္အရပ္ ၊ အေနာက္ေျမာက္အရပ္ ၊
အထက္အရပ္ ၊ ေအာက္အရပ္ တုိ႔သို႔ အစဥ္အတုိင္း အရပ္မ်က္ႏွာမ်ားသို႔ အာ႐ံုညႊတ္၍ ေမတၱသုတ္ေတာ္ကုိ ရြတ္ပြား ပူေဇာ္၍ ထုိနည္းတူ ဆုေတာင္းပါ ။

ပ႒ာန္း ပစၥယုေဒၵသ ပါဠိေတာ္ - ေဟတုပစၥေယာ ၊ အာရမၼဏပစၥေယာ ၊ အဓိပတိပစၥေယာ ၊ အနႏၲရပစၥေယာ ၊ သမနႏၲရပစၥေယာ ၊ သဟဇာတပစၥေယာ ၊ အညမညပစၥေယာ ၊ နိႆယပစၥေယာ ၊ ဥပနိႆယပစၥေယာ ၊ ပုေရဇာတပစၥေယာ ၊ ပစၦာဇာတပစၥေယာ ၊ အာေသ၀နပစၥေယာ ၊ ကမၼပစၥေယာ ၊ ၀ိပါကပစၥေယာ ၊ အာဟာရပစၥေယာ ၊ ဣၿႏၵိယပစၥေယာ ၊ စ်ာနပစၥေယာ ၊ မဂၢပစၥေယာ ၊ သမၸယုတၱပစၥေယာ ၊ ၀ိပၸယုတၱပစၥေယာ ၊ အတၳိပစၥေယာ ၊ နတၳိပစၥေယာ ၊ ၀ိဂတပစၥေယာ ၊ အ၀ိဂတပစၥေယာ တိ ။

အထက္ပါ အတုိင္းပင္ အရပ္ဆယ္မ်က္ႏွာသုိ႔ တစ္လွည့္စီ ပ႒ာန္းပါဠိေတာ္ ပစၥယုေဒၵသကို ရြတ္ပြားပူေဇာ္ပါ ။ ၿပီးလွ်င္
 ထုိအရပ္၌ ရွိၾကကုန္ေသာ အနႏၲစၾက၀ဠာ ၊ အနႏၲသတၱ၀ါတုိ႔သည္ ပ႒ာန္းေဒသနာေတာ္၏ တန္ခိုးရွိန္ေစာ္ အာႏုေဘာ္ေၾကာင့္ ေလာကုတၱရာ အေမွာင္မ်ား ျဖစ္ေသာ အ၀ိဇၨာကင္းေပ်ာက္၍ သစၥာေလးပါး တရားေတာ္မ်ားကို သိရွိ၍ ဒါန ၊ သီလ ၊ ဘာ၀နာ ၊ ကုသိုလ္ တရားမ်ားကုိ ပြားမ်ား အားထုတ္ႏုိင္ၾကၿပီး ေလာဘ ၊ ေဒါသ ၊ ေမာဟ ဟူသည့္ အကုသုိလ္ တရားမ်ား ကင္းေ၀းကာ ေလာကုတၱရာအလင္းသို႔ ေရာက္ရွိၾကပါေစ ။ တပည့္ေတာ္လည္း ထုိ႔အတူ ျဖစ္ရပါေစ ဟု ဆုေတာင္းပါ ။
ထုိ႔ေနာက္ ထုိ အရပ္ေဒသ၌ ရွိၾကကုန္ေသာ အနႏၲစၾက၀ဠာ ၊ အနႏၲသတၱ၀ါတုိ႔သည္ ပ႒ာန္းေဒသနာေတာ္၏ တန္ခိုးရွိန္ေစာ္ အာႏုေဘာ္ေၾကာင့္ ေလာကီအေမွာင္မ်ား ျဖစ္ေသာ စား၀တ္ေနေရး ခက္ခဲ က်ပ္တည္းျခင္း ၊ ရာထူးဌာနႏၲရ ၊ စည္းစိမ္ ဥစၥာ ၊ အလုပ္အကုိင္ ေလွ်ာက်ပ်က္စီးျခင္း ၊ က်န္းမာေရး ခ်ိဳ႕ယြင္းျခင္း ၊ အနာဒဏ္ရာ စြဲကပ္က်ေရာက္ျခင္း ၊ အမႈအခင္း ရင္ဆုိင္ ႀကံဳေတြ႔ရျခင္း ၊ ေဘးရန္အႏၲရာယ္ ႀကံဳေတြ႔ရျခင္း ၊ မလုိမုန္းထားသူ ရွိျခင္း ၊ ပူပင္ ေသာက ႀကံဳေတြ႔ရျခင္း စေသာ အေမွာင္တုိ႔ ကင္းေပ်ာက္၍ အလင္းသို႔ ေရာက္ရွိၾကပါေစ ။ တပည့္ေတာ္လည္း ထုိ႔အတူ ျဖစ္ရပါေစ ။ ဟု ဆုေတာင္းပါ ။

သမၺဳေဒၶဂါထာေတာ္ - သမၺဳေဒၶ အ႒၀ီသၪၥ ၊ ဒြါဒသၪၥ သဟႆေက ။ ပၪၥႆတ သဟႆာနိ ၊ နမာမိ သိရသာမဟံ ။ အပၸကာ ၀ါလုကာ ဂဂၤါ ၊ အနႏၲာ နိဗၺဳတာ ဇိနာ ။ ေတသံ ဓမၼၪၥ သံဃၪၥ ၊ အာဒေရန နမာမဟံ ။ နမကၠရာႏုဘာေ၀န ၊ ဟိတြာ သေဗၺ ဥပဒၵေ၀ ။ အေနက အႏၲရာယာပိ ၊ ၀ိနႆႏၲဳ အေသသေတာ ။
ထုိ႔ေနာက္ သမၺဳေဒၶဂါထာေတာ္ကို အထက္ပါအတုိင္း အရပ္မ်က္ႏွာ အစဥ္လိုက္ ရြတ္ပြားပူေဇာ္ရပါမည္ ။ အရပ္မ်က္ႏွာ တစ္ခု ရြတ္ပြားၿပီးတုိင္းထုိအရပ္ေဒသ၌ ရွိၾကကုန္ေသာ အနႏၲစၾက၀ဠာ အနႏၲသတၱ၀ါတုိ႔သည္ ဂဂၤါ၀ါလု သဲစုမက ပြင့္ေတာ္မူၿပီးကုန္ေသာ ဘုရား အဆူဆူတုိ႔၏ ဂုဏ္ေတာ္ ၊ ေမတၱာေတာ္ ၊ က႐ုဏာေတာ္ ၊ ပါရမီေတာ္တုိ႔ေၾကာင့္ ဒုကၡဆင္းရဲျခင္း အေပါင္း ကင္းေ၀း၍ ေကာင္းက်ိဳးလိုရာဆႏၵ ဟူသေရြ႕ ျပည့္စံု ၊ ျပည့္၀ၾကပါေစ ။ တပည့္ေတာ္လည္း ထုိ႔အတူ ျဖစ္ရပါေစ ဟု ဆုေတာင္းပါ ။

ထုိ႔ေနာက္ တပည့္ေတာ္သည္ ေမတၱာ ၊ ပ႒ာန္း ၊ သမၺဳေဒၶ က်င့္စဥ္ေတာ္ကို အဓိ႒ာန္ ထားရွိသည့္အတုိင္း မပ်က္မကြက္ ပူေဇာ္ၿပီးေျမာက္ခဲ့ပါၿပီ ။ ဤေကာင္းမႈ ဤကုသိုလ္တုိ႔၏ အဖုိ႔ဘာဂကုိ ( ၃၁ ) ဘံုသား အားလံုးတုိ႔သည္ တပည့္ေတာ္ႏွင့္ ထပ္တူ ထပ္မွ် ရရွိၾကေစရန္ အမွ်ေပးေ၀ပါသည္ ။ အမွ် အမွ် အမွ် ယူေတာ္မူၾကပါကုန္ေလာ့ ဟု အမွ်ေပးေ၀၍ သာဓု ေခၚဆုိပါ ။

ဤ က်င့္စဥ္ေတာ္သည္ ထူးျခားလွေသာ က်င့္စဥ္ေတာ္ ျဖစ္၏ ။ အဓိ႒ာန္ တစ္ႀကိမ္ ( ၉ ) ရက္ၿပီးေျမာက္လွ်င္ စီးပြားေရး ၊ လူမႈေရး ၊ က်န္းမာေရး ၊ အလုပ္အကိုင္ ၊ လာဘ္လာဘတုိ႔ သိသာစြာ ထူးျခားလာပါလိမ့္မည္ ။ က်င့္စဥ္ေတာ္ အဓိ႒ာန္၀င္ ပူေဇာ္သူမ်ားထံမွလည္း သိသာထူးျခားေသာ ေကာင္းက်ိဳးမ်ား လက္ငင္း ခံစားရေၾကာင္း သတင္းေကာင္းမ်ား ျပန္လည္ ၾကားသိေနရလ်က္ ရွိပါသည္ ။ ထုိ႔ေၾကာင့္ ဤက်င့္စဥ္ေတာ္ကုိ အဓိ႒ာန္တစ္ႀကိမ္မွ်ကိုေတာ့ ၀င္ေရာက္ၾကည့္ၾကေစရန္ ေမတၱာေစတနာျဖင့္ တုိက္တြန္းအပ္ပါသည္ ။

ဘိုဘုိ ( ေရႊကံကူ ) စာမ်က္ႏွာ - ၈၂
ေမလ ၂၀၁၂ သူရဇၨမဂၢဇင္း

==============================

မေတ္တာ ၊ ပဋ္ဌာန်း ၊ သမ္ဗုဒ္ဓေကျင့်စဉ်တော် အဓိဋ္ဌာန်  (Unicode)

မေတ္တာ ၊ ပဋ္ဌာန်း ၊ သမ္ဗုဒ္ဓေကျင့်စဉ်တော် အဓိဋ္ဌာန်ကို မည်သည့်နေ့တွင်မဆို စတင် ဝင်ရောက်နိုင်ပါသည် ။

နံနက် ( ၉ ) နာရီမှ ( ၁၁ )နာရီအတွင်း အဓိဋ္ဌာန် ဆောင်ရွက်ရပါမည် ။ အဓိဋ္ဌာန် တစ်ခါ ဝင်လျှင် ( ၉ ) ရက် သတ်မှတ်၍ ပြီးဆုံး အောင်မြင်အောင် ပြုလုပ်ရပါမည် ။

အဓိဋ္ဌာန် မစမီ ဆွမ်း ၊ ပန်း ၊ ရေချမ်း ၊ နံ့သာတိုင် ၊ အလင်းတိုင် တို့ကို မိမိ စိတ်တွင် ကြည်ညိုသလို လှူဒါန်းနိုင်ပါသည် ။
ထို့နောက် ဩကာသ ကန်တော့ချိုးဖြင့် ငါးပါးသီလ ခံယူဆောက်တည်ပါ ။ ဤ ငါးပါးသီလကို တစ်နေကုန် စောင့်ထိန်းရမည် မဟုတ်ပါ ။ အဓိဋ္ဌာန် ကျင့်စဉ်တော်ဖြင့် ပူဇော်ဆဲ တစ်ထိုင် အချိန်အတွင်းမျှသာ ဖြစ်ပါသည် ။

ပထမ ဦးဆုံး “ နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ” သုံးကြိမ် ရွတ်ပွားပါ ။

မေတ္တသုတ်တော် ရွတ်ပွားပါ ။ ပြီးလျှင် အရှေ့အရပ်သို့ စကြဝဠာ အဆုံးတိုင် အာရုံညွှတ်၍ မေတ္တသုတ်တော်ကို ရွတ်ပွားပါ ။ ပြီးလျှင်
“ အရှေ့အရပ်၌ ရှိကြကုန်သော အနန္တစကြဝဠာ ၊ အနန္တသတ္တဝါတို့သည် မေတ္တသုတ်တော်၏ ဂုဏ်တန်ခိုးကြောင့် ဆင်းရဲခပ်သိမ်း ၊ ဘေးရန်ခပ်သိမ်း ၊ ဒုက္ခခပ်သိမ်း ၊ ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းကြ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၍ ချမ်းသာကြပါစေ ။ တပည့်တော်လည်း ထို့အတူ ဖြစ်ရပါစေ ” ဟု ဆုတောင်းပါ ။

ထို့နောက် အနောက်အရပ် ၊ တောင်အရပ် ၊ မြောက်အရပ် ၊
အရှေ့မြောက်အရပ် ၊ အနောက်တောင်အရပ် ၊ အရှေ့တောင်အရပ် ၊ အနောက်မြောက်အရပ် ၊
အထက်အရပ် ၊ အောက်အရပ် တို့သို့ အစဉ်အတိုင်း အရပ်မျက်နှာများသို့ အာရုံညွှတ်၍ မေတ္တသုတ်တော်ကို ရွတ်ပွား ပူဇော်၍ ထိုနည်းတူ ဆုတောင်းပါ ။

ပဋ္ဌာန်း ပစ္စယုဒ္ဒေသ ပါဠိတော် - ဟေတုပစ္စယော ၊ အာရမ္မဏပစ္စယော ၊ အဓိပတိပစ္စယော ၊ အနန္တရပစ္စယော ၊ သမနန္တရပစ္စယော ၊ သဟဇာတပစ္စယော ၊ အညမညပစ္စယော ၊ နိဿယပစ္စယော ၊ ဥပနိဿယပစ္စယော ၊ ပုရေဇာတပစ္စယော ၊ ပစ္ဆာဇာတပစ္စယော ၊ အာသေဝနပစ္စယော ၊ ကမ္မပစ္စယော ၊ ဝိပါကပစ္စယော ၊ အာဟာရပစ္စယော ၊ ဣန္ဒြိယပစ္စယော ၊ ဈာနပစ္စယော ၊ မဂ္ဂပစ္စယော ၊ သမ္ပယုတ္တပစ္စယော ၊ ဝိပ္ပယုတ္တပစ္စယော ၊ အတ္ထိပစ္စယော ၊ နတ္ထိပစ္စယော ၊ ဝိဂတပစ္စယော ၊ အဝိဂတပစ္စယော တိ ။

အထက်ပါ အတိုင်းပင် အရပ်ဆယ်မျက်နှာသို့ တစ်လှည့်စီ ပဋ္ဌာန်းပါဠိတော် ပစ္စယုဒ္ဒေသကို ရွတ်ပွားပူဇော်ပါ ။ ပြီးလျှင်
 “ ထိုအရပ်၌ ရှိကြကုန်သော အနန္တစကြဝဠာ ၊ အနန္တသတ္တဝါတို့သည် ပဋ္ဌာန်းဒေသနာတော်၏ တန်ခိုးရှိန်စော် အာနုဘော်ကြောင့် လောကုတ္တရာ အမှောင်များ ဖြစ်သော အဝိဇ္ဇာကင်းပျောက်၍ သစ္စာလေးပါး တရားတော်များကို သိရှိ၍ ဒါန ၊ သီလ ၊ ဘာဝနာ ၊ ကုသိုလ် တရားများကို ပွားများ အားထုတ်နိုင်ကြပြီး လောဘ ၊ ဒေါသ ၊ မောဟ ဟူသည့် အကုသိုလ် တရားများ ကင်းဝေးကာ လောကုတ္တရာအလင်းသို့ ရောက်ရှိကြပါစေ ။ တပည့်တော်လည်း ထို့အတူ ဖြစ်ရပါစေ ” ဟု ဆုတောင်းပါ ။
ထို့နောက် “ ထို အရပ်ဒေသ၌ ရှိကြကုန်သော အနန္တစကြဝဠာ ၊ အနန္တသတ္တဝါတို့သည် ပဋ္ဌာန်းဒေသနာတော်၏ တန်ခိုးရှိန်စော် အာနုဘော်ကြောင့် လောကီအမှောင်များ ဖြစ်သော စားဝတ်နေရေး ခက်ခဲ ကျပ်တည်းခြင်း ၊ ရာထူးဌာနန္တရ ၊ စည်းစိမ် ဥစ္စာ ၊ အလုပ်အကိုင် လျှောကျပျက်စီးခြင်း ၊ ကျန်းမာရေး ချို့ယွင်းခြင်း ၊ အနာဒဏ်ရာ စွဲကပ်ကျရောက်ခြင်း ၊ အမှုအခင်း ရင်ဆိုင် ကြုံတွေ့ရခြင်း ၊ ဘေးရန်အန္တရာယ် ကြုံတွေ့ရခြင်း ၊ မလိုမုန်းထားသူ ရှိခြင်း ၊ ပူပင် သောက ကြုံတွေ့ရခြင်း စသော အမှောင်တို့ ကင်းပျောက်၍ အလင်းသို့ ရောက်ရှိကြပါစေ ။ တပည့်တော်လည်း ထို့အတူ ဖြစ်ရပါစေ ။ ” ဟု ဆုတောင်းပါ ။

သမ္ဗုဒ္ဓေဂါထာတော် - သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ ၊ ဒွါဒသဉ္စ သဟဿကေ ။ ပဉ္စဿတ သဟဿာနိ ၊ နမာမိ သိရသာမဟံ ။ အပ္ပကာ ဝါလုကာ ဂင်္ဂါ ၊ အနန္တာ နိဗ္ဗုတာ ဇိနာ ။ တေသံ ဓမ္မဉ္စ သံဃဉ္စ ၊ အာဒရေန နမာမဟံ ။ နမက္ကရာနုဘာဝေန ၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ ။ အနေက အန္တရာယာပိ ၊ ဝိနဿန္တု အသေသတော ။
ထို့နောက် သမ္ဗုဒ္ဓေဂါထာတော်ကို အထက်ပါအတိုင်း အရပ်မျက်နှာ အစဉ်လိုက် ရွတ်ပွားပူဇော်ရပါမည် ။ အရပ်မျက်နှာ တစ်ခု ရွတ်ပွားပြီးတိုင်း “ ထိုအရပ်ဒေသ၌ ရှိကြကုန်သော အနန္တစကြဝဠာ အနန္တသတ္တဝါတို့သည် ဂင်္ဂါဝါလု သဲစုမက ပွင့်တော်မူပြီးကုန်သော ဘုရား အဆူဆူတို့၏ ဂုဏ်တော် ၊ မေတ္တာတော် ၊ ကရုဏာတော် ၊ ပါရမီတော်တို့ကြောင့် ဒုက္ခဆင်းရဲခြင်း အပေါင်း ကင်းဝေး၍ ကောင်းကျိုးလိုရာဆန္ဒ ဟူသရွေ့ ပြည့်စုံ ၊ ပြည့်၀ကြပါစေ ။ တပည့်တော်လည်း ထို့အတူ ဖြစ်ရပါစေ ” ဟု ဆုတောင်းပါ ။

ထို့နောက် တပည့်တော်သည် မေတ္တာ ၊ ပဋ္ဌာန်း ၊ သမ္ဗုဒ္ဓေ ကျင့်စဉ်တော်ကို အဓိဋ္ဌာန် ထားရှိသည့်အတိုင်း မပျက်မကွက် ပူဇော်ပြီးမြောက်ခဲ့ပါပြီ ။ ဤကောင်းမှု ဤကုသိုလ်တို့၏ အဖို့ဘာဂကို ( ၃၁ ) ဘုံသား အားလုံးတို့သည် တပည့်တော်နှင့် ထပ်တူ ထပ်မျှ ရရှိကြစေရန် အမျှပေးဝေပါသည် ။ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့ ဟု အမျှပေးဝေ၍ သာဓု ခေါ်ဆိုပါ ။

ဤ ကျင့်စဉ်တော်သည် ထူးခြားလှသော ကျင့်စဉ်တော် ဖြစ်၏ ။ အဓိဋ္ဌာန် တစ်ကြိမ် ( ၉ ) ရက်ပြီးမြောက်လျှင် စီးပွားရေး ၊ လူမှုရေး ၊ ကျန်းမာရေး ၊ အလုပ်အကိုင် ၊ လာဘ်လာဘတို့ သိသာစွာ ထူးခြားလာပါလိမ့်မည် ။ ကျင့်စဉ်တော် အဓိဋ္ဌာန်ဝင် ပူဇော်သူများထံမှလည်း သိသာထူးခြားသော ကောင်းကျိုးများ လက်ငင်း ခံစားရကြောင်း သတင်းကောင်းများ ပြန်လည် ကြားသိနေရလျက် ရှိပါသည် ။ ထို့ကြောင့် ဤကျင့်စဉ်တော်ကို အဓိဋ္ဌာန်တစ်ကြိမ်မျှကိုတော့ ဝင်ရောက်ကြည့်ကြစေရန် မေတ္တာစေတနာဖြင့် တိုက်တွန်းအပ်ပါသည် ။

ဘိုဘို ( ရွှေကံကူ ) စာမျက်နှာ - ၈၂
မေလ ၂၀၁၂ သူရဇ္ဇမဂ္ဂဇင်း