Monday

လောကဓံ ရှစ်ပါး

ဖု ဋ္ဌ ဿ          လောက ဓမ္မေဟိ
ဖု ဋ္ဌ ဿ          လောက ဓမ္မေဟိ
စိတ္တံယ ဿ       န     ကမ္ပတိ
အသောကံ ၀ိရဇံ ခေမံ။
(အနက် -  လောကဓံရှစ်ပါးနှင့် ကြုံတွေ့ရသော်လည်း တုန်လှုပ်မှုမရှိသူ ဖြစ်ရစေ။)

 လောကဓံ ရှစ်ပါး
၁။ လာဘော - ဥစ္စာပေါများ၍ တက်ကြွ တုန်လှုပ်ခြင်း။
၂။ အလာဘော - ဥစ္စာနည်းပါး၍ ညှိုးငယ် တုန်လှုပ်ခြင်း။
၃။ ယသော - အခြံအရံများ၍ တက်ကြွ တုန်လှုပ်ခြင်း။
၎။ အယသော - အခြံအရံနည်းပါး၍ ညှိုးငယ် တုန်လှုပ်ခြင်း။
၅။ နိန္ဒံ - ကဲ့ရဲ့ခံရ၍ ညှိုးငယ် တုန်လှုပ်ခြင်း။
၆။ ပသံသံ - ချီးမွမ်းခံရ၍ တက်ကြွ တုန်လှုပ်ခြင်း။
၇။ သုခံ - ချမ်းသာခြင်းကို စွဲ၍ တက်ကြွ တုန်လှုပ်ခြင်း။
၈။ ဒုက္ခံ - ဆင်းရဲခြင်းကို စွဲ၍ ညှိုးငယ် တုန်လှုပ်ခြင်း။