Monday

ဖားနတ်သား ဝတ္ထု



ဖားနတ်သား ဝတ္ထု
(စန်းသမိန် ရေးသည့် လူတိုင်းအတွက် ဗုဒ္ဓဂုဏ်တော်ပွားနည်း နှင့် အစွမ်းထက်ဂါထာတော်များ)

မြတ်စွာဘုရားသည် စမ္ပာပြည်သူ ပြည်သားတို့အား ဂဂ္ဂရာရေကန်အနီး တရားဟောတော်မူစဉ် ဖားငယ်တစ်ခုသည် တရားသံကို အာရုံပြုနေစဉ် နွားကျောင်းသားတစ်ဦး၏ တုတ်ထောက်မိမှုကြောင့် သေရလေသည်။

တရားတော်၌ အာရုံရောက်ရင်း သေရသဖြင့် တာဝတိံသာ နတ်ပြည်တွင် ရွှေဗိမာန်နှင့် နတ်သား ဖြစ်လေသည်။
နတ်သားသည် ဖားဘဝကို သတိရ၍ ဘုရားရှင်ထံသို့ ထိုအကြောင်းကို ဗိမာန်နှင့်တကွ လာရောက်လျှောက်ထားခဲ့ပါသည်။
တိရစ္ဆာန်ပင် တရားတော်ကို အာရုံပြုရင်း သေဆုံးရာ၊ နတ်ပြည်ရောက်ရသဖြင့် လူ့ဘဝရောက်သူတို့မှာ တရားကို နှလုံး၌ အမြဲမွေ့လျော်ရန် အရေးကြီးပါသည်။