ဖု ဋ္ဌ ဿ လောက ဓမ္မေဟိ
ဖု ဋ္ဌ ဿ လောက ဓမ္မေဟိ
စိတ္တံယ ဿ န ကမ္ပတိ
အသောကံ ၀ိရဇံ ခေမံ။
(အနက် -
လောကဓံရှစ်ပါးနှင့် ကြုံတွေ့ရသော်လည်း တုန်လှုပ်မှုမရှိသူ ဖြစ်ရစေ။)
လောကဓံ ရှစ်ပါး
၁။ လာဘော - ဥစ္စာပေါများ၍ တက်ကြွ တုန်လှုပ်ခြင်း။
၂။ အလာဘော - ဥစ္စာနည်းပါး၍ ညှိုးငယ် တုန်လှုပ်ခြင်း။
၃။ ယသော - အခြံအရံများ၍ တက်ကြွ တုန်လှုပ်ခြင်း။
၎။ အယသော - အခြံအရံနည်းပါး၍ ညှိုးငယ် တုန်လှုပ်ခြင်း။
၅။ နိန္ဒံ - ကဲ့ရဲ့ခံရ၍ ညှိုးငယ် တုန်လှုပ်ခြင်း။
၆။ ပသံသံ - ချီးမွမ်းခံရ၍ တက်ကြွ တုန်လှုပ်ခြင်း။
၇။ သုခံ - ချမ်းသာခြင်းကို စွဲ၍ တက်ကြွ တုန်လှုပ်ခြင်း။
၈။ ဒုက္ခံ - ဆင်းရဲခြင်းကို စွဲ၍ ညှိုးငယ် တုန်လှုပ်ခြင်း။
ဘုရားစေတီ၊ ဘုရားရှိခိုး နှင့် ဂါထာတော်များ at Buddha in Burma (Myanmar) and Burmese Buddhists
Monday
Friday
ရသေ့ကြီး ဦးခန္တီ၏ လက်စွဲ အရဟံ ဗဟိ ဂါထာ
အရဟံ ဗဟိအန္တဇယံ သုဂတံ၊
အမိတံ ဝိရဇံ လလိတံ အတုလံ၊
စရဏံ တိဘဝူပသမံ ယမကံ၊
သုခဒံ သရဏံ ပဏာမာမိ ဇိနံ။
အမိတံ ဝိရဇံ လလိတံ အတုလံ၊
စရဏံ တိဘဝူပသမံ ယမကံ၊
သုခဒံ သရဏံ ပဏာမာမိ ဇိနံ။
အရဟံ - ပူဇော်အထူးကို ခံယူထိုက်တော်မူသော၊
ဗဟိအန္တဇယံ - အတွင်းရန် အပြင်ရန်တို့ကို အောင်မြင်တော်မူသော၊
သုဂတံ - ကောင်းသောစကားကို ပြောဆိုတော်မူသော၊
အမိတံ - မနှိုင်းယှဉ်နိုင်သည့် တန်ခိုးရှိတော်မူသော၊
ဝိရဇံ - ကိလေသာရမ္မက်မြူ ကင်းတော်မူသော၊
လလိတံ - အလွန်တင့်တယ် သပ္ပာယ်တော်မူသော၊
အတုလံ - အတုမရှိတော်မူသော၊
စရဏံ - အကျင့်စရဏနှင့် ပြည့်စုံတော်မူသော၊
တိဘဝူပသမံ - ဘုံသုံးပါးတွင် ကိလေသာကင်းတော်မူသော၊
ယမကံ - ရေမီးအစုံ တန်ခိုးပြာဋိဟာနှင့် ပြည့်စုံတော်မူသော၊
သုခဒံ - ချမ်းသာကို ပေးစွမ်းနိုင်သော၊
သရဏံ - ကိုးကွယ် အားထားရာဖြစ်သော၊
ဇိနံ - မာရ်ငါးပါးကို အောင်မြင်တော်မူသော မြတ်စွာဘုရားအား၊
ပဏာမာမိ - ရှိခိုးပါ၏ အရှင်ဘုရား။
ဗဟိအန္တဇယံ - အတွင်းရန် အပြင်ရန်တို့ကို အောင်မြင်တော်မူသော၊
သုဂတံ - ကောင်းသောစကားကို ပြောဆိုတော်မူသော၊
အမိတံ - မနှိုင်းယှဉ်နိုင်သည့် တန်ခိုးရှိတော်မူသော၊
ဝိရဇံ - ကိလေသာရမ္မက်မြူ ကင်းတော်မူသော၊
လလိတံ - အလွန်တင့်တယ် သပ္ပာယ်တော်မူသော၊
အတုလံ - အတုမရှိတော်မူသော၊
စရဏံ - အကျင့်စရဏနှင့် ပြည့်စုံတော်မူသော၊
တိဘဝူပသမံ - ဘုံသုံးပါးတွင် ကိလေသာကင်းတော်မူသော၊
ယမကံ - ရေမီးအစုံ တန်ခိုးပြာဋိဟာနှင့် ပြည့်စုံတော်မူသော၊
သုခဒံ - ချမ်းသာကို ပေးစွမ်းနိုင်သော၊
သရဏံ - ကိုးကွယ် အားထားရာဖြစ်သော၊
ဇိနံ - မာရ်ငါးပါးကို အောင်မြင်တော်မူသော မြတ်စွာဘုရားအား၊
ပဏာမာမိ - ရှိခိုးပါ၏ အရှင်ဘုရား။
Monday
ဘုရားဂုဏ်တော် ၉ ပါးဖြင့် ဂြိုဟ်တိုင်ခွင်ဘုရားများအား ပုတီးစိပ် ပူဇော်ပုံ
ဘုရားဂုဏ်တော်
၉ ပါးဖြင့် ဂြိုဟ်တိုင်ခွင်ဘုရားများအား ပုတီးစိပ် ပူဇော်ပုံ
၁။ တနင်္ဂနွေ -
၆ - အရဟံ
၂။ တနင်္လာ -
၁၅ - သ ဗ ၺ သ မ ၺ ဳ ေႏၷ ာ
၃။ အဂၤါ -
၈ - ဝိဇၨာစရဏ သဗ ၸၸေႏၷာ
၄။ ဗုဒ္ဓဟူး - နံနက်
- ၁၇ - သုဂတော
၅။ ကြာသပတေး -
၁၉ - အနုတ္တရော ပုရိသ ဓမ္မ သာရထိ
၆။ သောကြာ -
၂၁ - သတ္ထာဒေဝ မနု ဿာ နံ
၇။ စနေ -
၁၀ - ဗုဒ္ဓေါ
၈။ ကိတ် (စနေ - ညနေ)
- ၁၀ - ဘဂဝါ
၉။ ရာဟု (ဗုဒ္ဓဟူးနေ့
- ညနေ) - ၁၂ - လောကဝိဒူ
ဘုရားတပည့်တော်သည် ဤနေ့ဤရက် (----------------) နေ့မှ စ၍ (---------------) နေ့တိုင်အောင် ဘုရားဂုဏ်တော်
၉ ပါးကို နေ့စဉ် ဂြိုဟ်သက်အလိုက် ပွားများအားထုတ်ပါမည်ဟု အဓိဋ္ဌာန် ပြုပါသည်။ ဤသို့ ပွားများအားထုတ်ရသော အကျိုးအားကြောင့်
လောကတွင် ဆရာတဆူ ဖြစ်၍ လိုအပ်သော ဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်စုံရပါလို၏ ဘုရား။
သို့မဟုတ်
မိမိလိုရာဆု တောင်းပါ။
ဤနေ့သည် (တနင်္ဂနွေနေ့) ဖြစ်သည့်အတွက် (တနင်္ဂနွေနေ့)ဖွား ဘုရားရဟန္တာ
ကိုယ်တော်မြတ်အပေါင်းတို့အား ရည်မှန်း၍ (အရဟံ) ဂုဏ်တော်ကို (တနင်္ဂနွေဂြိုဟ်သက်) အလိုက် (၆) ပတ် စိပ်၍ ပူဇော်ပါမည် ဘုရား။
ဤသို့ ပူဇော်ရသော အကျိုးအားကြောင့်
၁။ (တနင်္ဂနွေ) ဂြိုဟ်မင်းကြီးသည် ကျွန်ုပ်အား
ချစ်ခင်ကြင်နာစွာ စောင့်ရှောက်ပါစေသတည်း။
၂။ (တနင်္ဂနွေ) နေ့ဖွား သူတော်စင် သူတော်မြတ်
အပေါင်းတို့က စောင့်ရှောက်ပါစေသတည်း။
၃။ (တနင်္ဂနွေ) နေ့ဖွား ယောက်ျား မိန်းမ
အပေါင်းနှင့် သတ္တဝါ အပေါင်းတို့သည် ကျွန်ုပ်အား ကူညီစောင့်ရှောက်ပါစေသတည်း။
၎။ (တနင်္ဂနွေ)တွင် ပြုလုပ်သမျှ ကိစ္စ
အဝဝ အောင်မြင်ပါစေသတည်း။
Subscribe to:
Posts (Atom)